Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 21, 2013

မြ၀တီနယ်စပ်ရှိ မှောင်ခိုလမ်းကြောင်း မှတစ်ဆင့် နွားအကောင်လိုက် တင်ပို့မှု မြင့်မားနေပြီး တစ်ရက်လျှင် နွားအကောင်ရေ ၇၀၀ နှင့် ၁၀၀၀ ခန့်ရှိကြောင်း သိရ

21.12.2013

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ နွားအကောင်လိုက် တင်ပို့မှု မြင့်တက်နေပြီး အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ် မြ၀တီရှိ မှောင်ခိုလမ်းကြောင်းများ မှတစ်ဆင့် တင်ပို့နေကြောင်း၊ မြ၀တီ လမ်းကြောင်းမှ တစ်ဖက်ထိုင်းနိုင်ငံသို့ နွားအကောင်လိုက် တင်ပို့မှု တစ်နေ့လျှင် အကောင်ရေ ၇၀၀ နှင့် ၁၀၀၀ကြား ရှိနေကြောင်း သိရသည်။

''နွားတွေကို ထိုင်းဘက်ကို ပို့နေတာ ကြာပါပြီ။ အခုမှ ပို့တာတော့ မဟုတ်ဘူး၊ မှောင်ခိုလမ်းကြောင်းက သွားနေတာ။ အဲဒီနေရာက တရားဥပဒေ စိုးမိုးမှု သိပ်မရှိတော့ သက်ဆိုင်ရာတွေကို လမ်းကြောင်းပေးပြီး သယ်နေတာ။ အစိုးရ အနေနဲ့တော့ နွားတင်ပို့မှုကို တရားဝင်ခွင့်ပြု ပေးမထားပါဘူး'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''အခုဆိုရင် လယ်ယာလုပ်ငန်းခွင်မှာ ခိုင်းနွားတွေ မရှိသလောက် ဖြစ်နေပြီ။ တောင်သူ အနေနဲ့လည်း လယ်ယာလုပ်ငန်းခွင်ကအခု နှစ်ပိုင်းတွေမှာ အဆင်မပြေဘူး။ သီးနှံကလည်း ဈေးမကောင်း၊ သွင်းအားစု တွေကလည်း ဈေးကြီး၊ ဒီကြားထဲ ရာသီဥတုက နှိပ်စက်တာမျိုးတွေရှိတယ်။ နောက်တစ်ခုက မြေသိမ်း၊ ယာသိမ်းတွေရှိတဲ့ အခါကျတော့ တောင်သူတွေ လယ်စိုက်စားဖို့ သိပ်စိတ်မ၀င်စားတော့ဘူး။ ဒါကြောင့်ရှိပြီးသား ခိုင်းနွားတွေကို ရောင်းစားရတဲ့ အဆင့်ကို ရောက်သွားပြီ။ ဒီပုံစံအတိုင်းဆိုရင် မြန်မာ့လယ်ယာ လုပ်ငန်းခွင်က အခြေအနေ သိပ်မကောင်းဘူး။ တော်တော်လေးကို ယိုယွင်းလာတဲ့ အနေအထားဖြစ်ပြီ။ အထူးသဖြင့် ကျွန်တော်တို့ ပဲခူးတိုင်းဆိုရင် မြ၀တီဘက်ကို တင်ပို့တဲ့ လမ်းကြောင်းနဲ့ သင့်တဲ့အခါကျတော့ ကုန်ခဲ့တဲ့ သုံးလေးနှစ် လောက်ကစပြီး နွားပွဲစားတွေ ခြေချင်းလိမ်နေတယ်။ သက်ဆိုင်ရာ ဂိတ်တွေကလည်း လာဘ်ပေးလာဘ်ယူမှုနဲ့ မကင်းဘူး။ ဒါ့ကြောင့် နွားတွေကို အလွယ်တကူပဲ မြ၀တီဘက်ကို ပို့နိုင်တယ်။ မြ၀တီ ရောက်တော့လည်း သူတို့လမ်းကြောင်းရှိတယ်။ ဒီလိုနည်းနဲ့ ထိုင်းဘက်ကို တင်ပို့နေတာပါ'' ဟု ပဲခူးတိုင်းမှ တောင်သူတစ်ဦးက ဆိုသည်။

(ထိုင်းဘက်ခြမ်းတွင် တွေ့ရသော မြန်မာနိုင်ငံမှ တရားမ၀င် မှောင်ခိုတင်သွင်းလာသည့် ခိုင်းနွားများအား တွေ့ရစဉ်)
Eleven Media Group

No comments:

Post a Comment