Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 19, 2013

ထိုင်းနိုင်ငံအိမ်ရှေ့မင်းသား၏ ကြင်ယာတော် တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်အား လာရောက်ဖူးမြော်


ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ကြင်ယာတော် ဆရီရတ် မင်းသမီး နှင့် မိသား စုဝင်များ၊ လုံခြုံရေး အဖွဲ့ဝင်များ အပါအဝင် ထိုင်းနိုင်ငံ တပ်မတော် (ကြည်း) စစ်ဦးစီး အရာရှိများ၊ သင်တန်း အမှတ်စဉ် (၉၂) မှ သင်တန်းနည်းပြများနှင့် သင်တန်းသား အရာရှိများ ပါဝင်သည့် အဖွဲ့သည်ဒီဇင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီခွဲတွင် မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေး တံတားသို့ ရောက်ရှိလာရာ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။ 
ထိုမှတစ်ဆင့် ကြင်ယာတော် မင်းသမီးသည် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး တာချီလိတ် ရွှေတိဂုံစေတီတော် အား ဖူးမြော် ကြည်ညိုကာ ပန်း၊ ဆီးမီး၊ အမွှေးနံသာများ ထွန်းညှိ ပူဇော်သည်။ ယင်းနောက် ကြင်ယာတော် မင်းသမီးသည် ရွှေတိဂုံ ဓမ္မာရုံတွင် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးအား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ရွှေတိဂုံ စေတီတော်မှတစ်ဆင့် ပြန်လည်ထွက်ခွာလာပြီး အမှတ် (၁) ချစ်ကြည်ရေး တံတား အနီးရှိ ရွှေနန်းတော် ကုန်တိုက်အား လှည်လည်ကြည့်ရှု လေ့လာကာ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment