Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 6, 2013

2013 ခုနှစ်အတွက် အကောင်းဆုံး ပြိုင်ကား

Geiger မှ ထုတ်လုပ်ထားသော 2013 ခုနှစ်အတွက် အကောင်းဆုံး ပြိုင်ကားကို SRT Viper လို့အမည်တွင် ပါတယ်။ ဥရောပမှာ ရေပန်း စားနေသော ကားတစ်စီးလည်း ဖြစ်ပါတယ်။ ဈေးနှုန်း ကတော့ ဒေါ်လာ 180,500 ယူရို 139,900 ဖြစ်ပါတယ်။ US မှ ကားတွေထက် နှစ်ဆနီးပါး ဈေးနှုန်းရှိတယ်လို့ ဆိုပါတယ်။
အင်ဂျင်ပိုင်း အနေနဲ့ကတော့ ဆီစား 8.4 လီတာ၊ Horsepower 649 HP ဖြစ်ပါတယ်။ ထို့ပြင် အမြန်နှုန်းကတော့ 3.5 seconds စက္ကန့်မှာ 0-60 mph ဖြစ်ပါတယ်။ ကားတွင်း လူစီးကတော့ နှစ်ယောက် ဖြစ်ပါတယ်။
ကားဘော်ဒီ အရှည်ကတော့ 75.7 လက်မ၊ (446.3 စင်တီမီတာ)၊ အမြင့် 49.1 လက်မ (124.7 စင်တီမီတာ)၊ အကျယ် 76.4 လက်မ (194.1 စင်တီမီတာ) နှင့် ဘီး 98.8 လက်မ (250.9 စင်တီမီတာ) ဖြစ်ပါတယ်။
ပြိုင်ကား ဆိုတော့ ဈေးနှုန်းကတော့ နည်းနည်းမြင့် ပါတယ်။ သို့ပေမယ့်လည်း ဒီဇိုင်းပိုင်း လှပပြီး အမြင့်ဆုံး အမြန်နှုန်း 3.5 စက္ကန့်မှာ 0 to 60 ဖြစ်သောကြောင့် အကောင်းဆုံး ပြိုင်ကား တစ်စီး ဖြစ်ဖြင်း ဖြစ်ပါတယ်။
ကျော်လင်းနိုင်

No comments:

Post a Comment