Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 20, 2013

အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို Rape ကျူးလွန်သူများအား သေဒါဏ်ချမှတ်ဖို့အဆိုကို ကျွန်တော်ကတော့သဘောတူပါတယ် ။

လူမဟုတ်ပဲ တိရိစ္ဆာန် စိတ်ဓါတ်ရှိသူတို့မှ ဒီလိုအပြစ်မျိုးကို ကျူးလွန်ကြမှာပါ ။ ကလေးသူငယ်များအား Rape ကျူးလွန်သူ မည်သူမဆို ခွင့်လွှတ်ပေးလို့ မရနိုင်ပါဘူး ။

ကျူးလွန်သူသည်

- စိတ်ဝေဒနာခံစားနေရလို့ဖြစ်ေ
- အညှိုးအတေး ဂလဲ့စားကြောင့်ဖြစ်စေ
- လိင်စိတ်ဖောက်ပြန်နေ၍ဖြစ်စေ

ဥပဒေက ခွင့်လွှတ်ပေးလို့မရနိုင်ပါဘူး အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၈ နှစ် ဆိုတာလောက်နဲ့ ပျက်ဆီးဆုံးရှုံးသွားတဲ့ အရာတွေကိုဖာထေးလို့မရနိုင်ပါဘူး
တ စ်ခါတခါတော့လည်း ကိုဓ ဥပဒေဆိုလား အဲဒါကိုကြိုက်မိတယ် ။


လက်ညှိုးတစ်ချောင်းဖြတ်ရင် လက်ညှိုးတစ်ချောင်းအလျော်ပေးရမယ်
နားရွက်တစ်ဖက်ပြတ်ရင် နားရွက်တစ်ဖက်အလျော်ပေးရမယ်

It's a rule of universe ပဲ ..

“ အရွယ်မရောက်သေးသူ ကလေးသူငယ်အား Rape ကျူးလွန်ယုံသာမက ရက်စက်စွာသတ်ဖြတ်ခဲ့သော လူမဆန်သူများအား ပြင်းထန်စွာ ရှုံ့ချပါသည် ။ တရားဥပဒေတိုင်း လက်ရှိအစိုးရအနေနဲ့ ကျူးလွန်သူ မည်သူ့ကိုမဆို အပြစ်ပေးနိုင်ပါစေ ။ တရားခံကို ထိရောက်စွာ ဖမ်းဆီး အပြစ်ပေးနိုင်ခြင်း မရှိခဲ့ရင်တော့နောင်လာမယ့် အရေးကို တွေးပူစရာပါပဲ ”

ဒါကြောင့် လက်ရှိအစိုးရရဲ့ စီရင်ချက်ကို စောင့်ကြည့်နေပါ့မယ် ။

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား rape ကျူးလွန်သူ မည်သူမဆို အား ရှုံ့ချ ကြောင်း ကွန်းမန့်လေးတွေရေးပေးသွားကြပါ ။

သက်တန့်ချို

www.bellbagan.com

1 comment:

  1. အဲလိုလူယုတ်မာတွေကို ကြီးထွားခွင့်ပေးထားတဲ့ လက်၇ှိအစိုး၇က ပိုပြီးအပြစ်ကြီးလေးပါတယ်။ ဒါကိုအားလုံးသဘောတူကြမယ်လို့ထင်ပါတယ်။ လက်၇ှိအစိုး၇ကို အပြစ်တင်၇ှံ့ချသင့်ပါတယ်။ ။

    ReplyDelete