Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 11, 2013

ဟယ်လန်ကို မျက်နှာဖုံးတင်ရန်ပလေးဘွိုင်း ပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးရန်စီစဉ်


Tuesday, November 12, 2013

ပလေးဘွိုင်း၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူထားသည့် ဟုဂ်ျဟက်ဖ်နာသည် လာမည့်နှစ် အစောပိုင်းတွင် ထုတ်ဝေမည့် မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် နေရာအတွက် အသက်(၂၃)နှစ်ရှိ မော်ဒယ်လ်ကို အထူးတလည် လိုလား တောင့်တနေကြောင်း သတင်းများက ဖော်ပြခဲ့
ဟယ်လန်ကို မျက်နှာဖုံးတင်ရန် ပလေးဘွိုင်း ပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးရန်စီစဉ်

နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး ပလေးဘွိုင်း၏ မျက်နှာဖုံးရှင်အဖြစ် ဟယ်လန် ဖလာနာဂန်ကို ရွေးချယ်ရန် မဂ္ဂဇင်းပိုင်ရှင်ကိုယ်တိုင် ဆွေးနွေးမည်ဟု သိရသည်။ ပလေးဘွိုင်း၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူထားသည့် ဟုဂ်ျဟက်ဖ်နာသည် လာမည့်နှစ် အစောပိုင်းတွင် ထုတ်ဝေမည့် မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် နေရာအတွက် အသက်(၂၃)နှစ်ရှိ မော်ဒယ်လ်ကို အထူးတလည် လိုလား တောင့်တနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဟုဂ်ျသည် ယင်းအခြေအနေအတွက် လော့စ်အန်ဂျလိစ်ထိ သွားရောက်ပြီး ဟယ်လန်နှင့် ဆွေးနွေးဖွယ် ရှိနေသည်။ ပြီးခဲ့သည့်လက ဟုဂ်ျနှင့် ဟယ်လန်တို့ တွေ့ဆုံဖြစ်ခဲ့ရာ ဟုဂ်ျက ဟယ်လန်တွင်
ပလေးဘွိုင်း မဂ္ဂဇင်း မျက်နှာဖုံးရှင် ဖြစ်ထိုက်သည့် ကိုယ်ရည်ကိုယ်သွေးအားလုံး ပြည့်စုံနေသည်ဟု ယုံကြည်ခဲ့ကြောင်း နီးစပ်သူများက မှတ်ချက်ပြုခဲ့သည်။

အသက်(၈၇)နှစ်ရှိ ဟုဂ်ျ၏ မိတ်ဆွေတစ်ဦးက "
ပလေးဘွိုင်းမဂ္ဂဇင်း တာဝန်ရှိသူတွေ အားလုံးက ဟယ်လန်ဟာ မျက်နှာဖုံးရှင် ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ နှစ်တိုင်းနှစ်တိုင်း မိန်းကလေးတွေ အများကြီးကို မျက်နှာဖုံးရှင် နေရာအတွက် သူတို့စဉ်းစားကြတာပါ။ ဒါပေမဲ့ ဟယ်လန်ကိုတော့ ဟုဂ်ျကိုယ်တိုင်က အထင်ကြီးနေပြီး သူ့အတွက် အခွင့်အရေးက အများကြီး ပိုမြင့်မားနေပါတယ်။ ဟုဂ်ျက ဗြိတိသျှ အမျိုးသမီးတွေကို သဘောကျပါတယ်။ ပြီးတော့ ဟယ်လန်ဟာ အံ့ဩစရာ ထူးခြားတဲ့ အမျိုးသမီး တစ်ယောက်လို့လည်း သူက ယူဆထားတယ်။ ပြီးတော့ ပလေးဘွိုင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် လုံးဝ ထိုက်တန်ကြောင်း သူကိုယ်တိုင် အကြွင်းမရှိ ယုံကြည်ထားတာပါ"ဟု ပြောကြားသွားခဲ့သည်။ ဟုဂ်ျသည် ဒီဇင်ဘာလ အစောပိုင်းခန့်တွင် ဟယ်လန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ဖွယ် ရှိနေပြီး အကယ်၍ အဆင်ပြေ ချောမွေ့ပါက ဇန်နဝါရီလထုတ် မဂ္ဂဇင်းတွင် ဟယ်လန်က မျက်နှာဖုံးရှင် ဖြစ်လာနိုင်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment