MTV EMAs 2013: Miley Cyrus smokes joint onstage, twerks during performance
၂၀၁၃ ခုနှစ်အတွက် MTv ၏ ဥရောပဂီတဆုပေးပွဲ (EMA) တွင်One Direction အဖွဲ့က ဆုနှစ်ဆုဖြင့် အအောင်မြင်ဆုံး ဖြစ်ခဲ့သော်လည်း လူအများအာရုံကို သိမ်းကျုံးရယူသွားသည်မှာမူ မိုင်လီဆိုင်း
ရပ်စ်ပင် ဖြစ်လာခဲ့သည်။
MTv ၏ vMA ဆုပေးပွဲအစီအစဉ်တွင် ခပ်ကြမ်းကြမ်း ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့ဖူးသည့် အသက် ၂၀ အရွယ် Pop ဂီတကြယ်ပွင့်သည် ယခုဆုပေးပွဲတွင် အကောင်းဆုံးဗီဒီယိုဆုကို wre-cking ball အတွက်ရရှိခဲ့ပြီးနောက် ဆုလက်ခံရယူသည့် ဖက်ရှင်ကြာင့် အများမျက်ခုံးပင့်စရာဖြစ်ခဲ့သည်။ မိုင်လီသည် အပေါ်ပိုင်းတွင် သားမွေးဖြင့် လုံလုံခြုံခြုံဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ်အာက်ပိုင်းကို အလွန်အကျွံ ဖော်ပြထားသည့် ဖက်ရှင်ဖြင့် ဆုတက်ယူခဲ့သလို စင်မြင့်ပေါ်တွင် စီးကရက်သောက်နေသဖြင့် နောက်ထပ် ဝေဖန်စရာ အငြင်းပွားစရာ အခြေအနေမျိုး ထွက်ပေါ်လာစေခဲ့သည်။
ယခုနှစ်ဆုပေးပွဲတွင် အကောင်းဆုံး Hip Hop အဆိုတော်အဖြစ်
Eminem က အောင် ပွဲခံ ခဲ့ပြီး One Direction က အကောင်းဆုံးPop ဂီတဆုနှင့် ဗြိတိန်၊ အိုင်ယာလန်တို့၏ အထူးချွန်ဆုံးဆုများကိုသိမ်းပိုက်နိုင်ခဲ့သည်။ Eminem သည် Global Icon ဆုကိုလည်းရရှိခဲ့သေးသည်။ ကေတီပယ်ရီကမူ အကောင်းဆုံး အမျိုးသမီးအဆိုရှင်ဆုကိုရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသား အဆိုရှင်ဆုကမူ ဂျက်စတင်ဘီဘာအတွက်ဖြစ်လာသည်။ အကောင်းဆုံး Rock ဂီတဆုကမူ Green Day အဖွဲ့၏ လက်ထဲသို့ ကျရောက်ခဲ့သည်။အကောင်းဆုံး သီချင်းဆုကိုမူ ဘရူနိုမားစ်၏ locked Out ofHeaven က ရရှိသွားကြောင်း သိရှိရသည်။
http://myetshin.com/archives/1660
Source
No comments:
Post a Comment