Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2013

Me N Ma ၏ "Girls strong" သီချင်းကို နိုင်ငံတကာရုပ်သံလိုင်းများနှင့်အတူ ပြည်တွင်း၌ ထုတ်လွှင့်ပြသမည်


Friday, November 8, 2013

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

မြန်မာမိန်းကလေးဂီတအဖွဲ့ဖြစ်သည့် Me N Ma အဖွဲ့၏ Girls Strong သီချင်းကိုလာမည့် ဒီဇင်ဘာလ တွင် နိုင်ငံတကာရုပ်သံလိုင်းများနှင့်အတူ ပြည်တွင်းရှိရုပ်သံလိုင်းများနှင့် အက်ဖ်အမ်များတွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။ ယင်းသီချင်းကို ပြည်တွင်းရှိ ရုပ်သံလိုင်းများနှင့် အက်ဖ်အမ်လိုင်းများက နိုင်ငံ တကာတွင်ထုတ်လွှင့်သောနည်းစနစ်အတိုင်း ပြသနိုင်ရန်အတွက်Me N Ma girls မန်နေဂျာဖြစ်သူ အမေရိကန်နိုင်ငံဟောလိဝုဒ်Power Music Production မှ Daniel Hubbert က ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။

Me N Ma Girls အဖွဲ့၏ Girl Strong သီချင်းကို Richard Harris ကရေးသားထားခြင်းဖြစ်ပြီး ၎င်းအား Youtube၊ i tube များမှရောင်းချခဲ့သည့်အပြင် ထိုင်းနိုင်ငံနှင့် ဟောင်ကောင်တို့တွင်လည်း MTV အဖြစ် စက်တင်ဘာလတွင် ထုတ်လွှင့်ပြသရောင်းချခဲ့သည်။ ယင်း MTV ကိုလော့စ်အိန်ဂျလိစ်တွင် Power Music ထုတ်လုပ်ရေးမှ တာဝန်ယူကာရိုက်ကူးခဲ့ခြင်းဖြစ်သည်။

“ဒီသီချင်းအတွက် လေ့ကျင့်မှုတွေက သီချင်းသီဆိုမှုအပိုင်းတင်မဟုတ်ဘဲ တောင်တွေတက်ရတာတွေ၊ အပြေးလေ့ကျင့်ရတာတွေအစ လေ့ကျင့်ရတယ်။ နောက်ပြီးသူတို့တွေဆီမှာရှိတဲ့ ရုပ်သံဌာနတွေ Studio တွေမှာ အင်တာဗျူးတွေကိုလုပ်ခဲ့တယ်။ အခုလည်း ဒီသီချင်းကတုံ့ပြန်မှုကောင်းနေတယ်လို့ သိရ တယ်။ ပြမယ့်နိုင်ငံတွေကတော့ ထုတ်လုပ်ရေးက စီစဉ်နေတာဆိုတော့ကြိုပြောလို့မရနိုင် သေးပါူဘူး” ဟု ချာချာက ပြောသည်။

Me N Ma Girls အဖွဲ့တွင် ချာချာကအဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ကိုင်လျက်ရှိပြီး ထိုက်ထိုက်၊ အမွန်း၊ ကင်မီတို့ ပါဝင်လျက်ရှိသည်။ ၎င်းအဖွဲ့သည်Tiger Girl Band အဖွဲ့ကို ၂၀၁၁ ခုနှစ်တွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်ပြီး “မင်္ဂလာပါ” စီးရီးထွက်ရှိချိန်တွင် ဟောလိဝုဒ်ရှိထုတ်လုပ်ရေးမှ စိတ်ဝင်တစား ကမ်းလှမ်းခြင်းကိုခံခဲ့ရပြီး လက်ရှိတွင်ယင်းထုတ်လုပ်ရေးနှင့် လက်တွဲကာတေးသီချင်းများ လုပ်ကိုင် လျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment