Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 1, 2013

Lil Kim၏ နာမည်ကျော် VMA ပွဲတက်ဖက်ရှင်ကို တုပဝတ်ဆင်ခဲ့သည့် မိုင်လီ

(၁၉၉၉)ခုနှစ်က Lil Kimက VMA ဆုပေးပွဲ တက်ရောက်ခဲ့စဉ် လူပြောသူပြောများခဲ့သည့် ဝတ်စုံကို မိုင်လီက လိုက်လံတုပကာ Halloweenတွင် ဝတ်ဆင်ထားခဲ့သည်။



အဖော်အချွတ် ကြမ်းမှုများကြောင့် ပရိသတ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် ယင်းအခြေအနေကို သူမ အနေဖြင့် မတုန်လှုပ်ကြောင်း မိုင်လီဆိုင်းရပ်စ်က လက်တွေ့ ပြသလိုက်သည်။ MTV၏ VMA ဆုပေးပွဲ အစီ အစဉ် တွင် ခပ်ကြမ်းကြမ်း ဖျော်ဖြေမှုများကြောင့် အများဝေဖန်စရာ ဖြစ်ခဲ့သည့်တိုင် ယင်းအတွက် လုံးဝ နောင် တမရကြောင်း မိုင်လီက Halloween ဖက်ရှင် ရွေးချယ်မှုတွင် ထပ်မံသက်သေထူလိုက်သည်။ (၁၉၉၉) ခုနှစ်က Lil Kimက VMA ဆုပေးပွဲ တက်ရောက်ခဲ့စဉ် လူပြောသူပြောများခဲ့သည့် ဝတ်စုံကို မိုင်လီ က လိုက်လံတုပကာ Halloweenတွင် ဝတ်ဆင်ထားခဲ့သည်။ မိုင်လီသည် ဆံပင်ကို ခရမ်းရောင် ဆိုးခဲ့သလို ရင် ဘတ် တခြမ်းဖော် ထားသည့် ဖက်ရှင်ကိုပါ ဝတ်ဆင်ထားသည့် ဓာတ်ပုံကို လွှင့်တင်ခဲ့သည်။

ထို့အပြင် အသက်(၃၉)နှစ်ရှိ Lil Kimကို ရည်ညွှန်းပြီး "ပျော်စရာ Halloween ဖြစ်ပါစေ Lil Kimရေ" ဟု လည်း ရေးသားထားသေးသည်။ Lil Kim၏ ဖက်ရှင်တွင် ရင်သားကို တခြမ်းဖော်ထားပြီး မျက်စိ ရှက်လောက် ဖွယ် အစိတ်အပိုင်းမျိုးကို အပြောက်အမွှမ်း ဘော်ကြယ်များကပ်ကာ စီခြယ်ဖုံးအုပ်ထားပြီး အသက် (၂၀) အရွယ် မိုင်လီက တစ်ထပ်တည်း တုပခဲ့ခြင်း ဖြစ်သည်။ မိုင်လီသည် ယခုသီတင်း ပတ်အ တွင်း Halloween အတွက် ရည်ရွယ်ကာ ဖရုံသီးများပေါ်တွင် မဆီမလျော် ပုံရိပ်များ ထွင်းထုထားသည့် ဓာတ်ပုံ ကိုလည်း အင်တာနက်တွင် လွှင့်တင်ခဲ့သေးကြောင်း သိရှိရသည်။





Planet Myanmar Network
Source

No comments:

Post a Comment