KNU/KNLA မှ တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရေးတပ်ဖွဲ့ KNU/KNLA မှ ထုတ်ပယ်ထားသည့် စောမောင်မောင်ဆိုသူသည် ဒုတိယဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူထားခဲ့ကြောင်း KNU/KNLA မှ သတင်း ရရှိသည်။
ငြိမ်းချမ်းရေးဖော်ဆောင် နေစဉ်ကာလအတွင်းရုံးလုပ်ငန်း များလုပ်ဆောင်ရန် တပ်ဖွဲ့မှ ထုတ်ပေးထားသော ကားများမဟုတ်ဘဲ ၎င်းင်ုးNU/KNLA မှ ဗိုလ်မှူးချုပ် စောထူးဂေ၏ လက်မှတ်ကို အတုပြုလုပ်၍ စာရွက်စာတမ်းများ ထုတ်ပေးစီးနင်းစေခြင်း၊ အဖွဲ့အစည်း၏အမည်ကို အလွဲသုံးစားပြုလုပ်၍ စီးနင်းစေခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း KNU/ KNLA မှ တာဝန်ရှိသူများကပြောသည်။
နိုင်ငံတော်မှ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့် တပ်ဖွဲ့များကို လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုင်စင်မဲ့ကားများ စီးနင်းခွင့်ထုတ်ပေးခြင်းကို အဆိုပါ စောမောင်မောင်ဆိုသူက ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လက်မှတ်များအတုပြုလုပ်၍ ကားစီးနင်းခွင့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောအောင်လင်းကပြောသည်။
ထိုသူသည် တပ်မတော်၏ ရာထူးအဆင့်ဖြစ်သည့် ဒုဗိုလ်မှူးကြီး ရာထူးတံဆိပ်များကို KNU/ KNLA ၏ ယူနီဖောင်းတွင် တပ်ဆင်သုံးစွဲခဲ့၍ အဖွဲ့အစည်းကို နိုင်ငံတော်မှပေးအပ်သည့် အခွင့်အရေးများကို အယောင်ဆောင် တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောထူးဂေက အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
စောမောင်မောင်ဆိုသူကို ဖမ်းဆီးနိုင်ရေးအတွက် KNU/KNLA က ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး၊ ရန်ကုန်တိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်များသို့ အကူအညီတောင်းခံပြီး ဆောင်ရွက်နေသည်ဟုဆိုသည်။
““သူက ကျွန်တော်တို့တပ်ဖွဲ့ နာမည်ကို အလွဲသုံးစားလုပ်တာကြောင့် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ ဒါက တော်တော်အဟန့်အတားဖြစ်ပါတယ်။
ဒါကြောင့် သူ့ကိုဖမ်းပြီးတာနဲ့ စစ်ဆေးနိုင်ဖို့ ဗဟိုကို ပြန်ခေါ်သွားမှာပါ””ဟု ဗိုလ်မှူးစောအောင်လင်းကပြောသည်။
၎င်း၏လုပ်ဆောင်ပုံနှင့် ပတ်သက်ပြီး ကားစီးနင်းခွင့် (သို့မဟုတ်) လိုင်စင်များကို မည်သို့လုပ်ဆောင်သလဲ ဆိုသည်ကိုမူ ဖမ်းဆီးမိ၍ စစ်ဆေးပြီးမှသာ သိနိုင်မည်ဟု KNU/KNLA ဒုဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းက ပြောသည်။
““ပြည်သူတွေကို ကားရမယ်။ လိုင်စင်ရအောင် လုပ်ပေးမယ်ဆိုပြီး ပြောတာလို့ ကြားရတယ်။ သူ့အိမ်မှာဝင်ရှာတော့ သူ့ နာမည်နဲ့လုပ်ထားတယ်ဆိုတဲ့ ၄၇ စီးရှိတဲ့ စာရွက်တွေ တွေ့ရှိတယ်။ အဲဒါကို ဘယ်လိုပုံစံနဲ့လုပ်လဲတော့ မသိဘူး။ ဖမ်းဖို့လည်း လုပ်နေတယ်။ နောက်ဒါမျိုးမဖြစ်အောင်တော့ တားဆီးသွားမှာပါ”” ဟု ဦးအောင်ကျော်သိန်းက ပြောသည်။
7Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 1, 2013
KNU/KNLA မှ ထုတ်ပယ်ထားသူတစ်ဦး ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူခဲ့ဟုဆို
KNU/KNLA မှ ထုတ်ပယ်ထားသူတစ်ဦး ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူခဲ့ဟုဆို
Reviewed by VC
on
November 01, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment