Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 13, 2013

EU မှ ရဲတပ်ရင်း(၈) တွင် သင်တန်းပေးမှုများ ပြုလုပ်နေ





လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေး အလေးထား ဆောင်ရွက်တတ်ဖို့ မြန်မာ့ရဲတပ်ဖွဲ့ဝင်များကို EU (ဥရောပသမဂ္ဂ)မှ ကူညီပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်၊ ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရဲတပ်ရင်း(၈) တွင် သင်တန်းပေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) အဆိုပါ သင်တန်းသည် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်ဖွဲ့ဝင်များအားလုံး ပါဝင်တက်ရောက်ရမည့် ပထမဆုံးသင်တန်းဖြစ်ပြီး လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းမှု၊ ပြည်သူလူထုပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်၊ လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို အခြေခံသည့် ရဲလုပ်ငန်း စီမံခန့်ခွဲမှုစသည့် နည်းစနစ်များကို အဓိကထား လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ EU အနေဖြင့် အဆိုပါ သင်တန်းများအတွက် ယူရို ၁၀ သန်း သုံးစွဲသွားမည်ဖြစ်ပြီး ၁၈လကြာ သင်ကြားပေးခြင်းအပြင် Equipment များလည်း တပ်ဆင်ပေးသွားမည်ဖြစ်သည်။

No comments:

Post a Comment