Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 1, 2013

အမေရိကန် ဝရမ်းပြေး ဟက်ကာ Edward Snowden ရုရှားမှာ အလုပ်ရပြီ

အမေရိကန်တို့ ဖမ်းဝရမ်းထုတ်ထားတဲ့ Edward Snowden တစ်ယောက် ရုရှားမှာ အလုပ်ရပြီ ဖြစ်ကြောင်း သိရပါတယ်။ Edward Snowden ကို သိတဲ့သူတွေ သိကြမှာပါ။
အမေရိကန် NSA လျှို့ ဝှက်ထောက်လှမ်းရေး အေဂျင်စီမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး သတင်းအချက်အလက် များကို သယ်ဆောင်ထွက်ပြေးပြီးနောက် ရုရှားနိုင်ငံမှာ ခိုလှုံ နေသူ ဖြစ်ပါတယ်။ ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင် များရဲ့  မိုဘိုင်းဖုန်းကို ခိုးနားထောင်တဲ့ Tapping Project မှာလည်း ပါဝင်ခဲ့ပြီး သူ့ဆီမှာ အချက်အလက်တွေ ရှိနေမယ်လို့ ယုံကြည်ထားကြ ပါတယ်။ ဒါကြောင့် အမေရိကန် အစိုးရဟာ Edward Snowden ကို တရားစွဲဆို ခဲ့ပြီး Snowden ရဲ့  ရှေ့ နေလည်း အမေရိကန်မှာ တရားရင်ဆိုင် ဖြေရှင်းပေးနေပါတယ်။
Snowden အားဖမ်းဆီးပေးရန် အမေရိကန် တောင်းဆိုချက်ကို ရုရှားအာဏာပိုင်တို့ ငြင်းဆိုခဲ့ပြီး နိုင်ငံမှာ နေထိုင်ခွင့်တောင် ပေးလိုက်ပါသေးတယ်။ အလုပ် အသစ်လည်း ရခဲ့ပြီး ရုရှားမှာနေထိုင်နေပါပြီ။ အလုပ် အမျိုးအစားကတော့ ဝဘ်ဆိုဒ် Developer ပါပဲ။ သူကိုယ်တိုင်ကလည်း ဟက်ကာ တစ်ဦးဖြစ်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ရုရှားရဲ့ အကြီးဆုံး ဝဘ်ဆိုဒ်တွေထဲက VKontakte social net မှာ အလုပ်ရခဲ့တာ ဖြစ်ပါတယ်။ Web Security ပိုင်းကို တာဝန်ယူပေးရသူ ဖြစ်ပါတယ်။ Edward Snowden ရဲ့ အမှုဟာ ပိတ်သိမ်း၊ ပျက်ပြယ် သွားဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထားကြ ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment