Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 9, 2013

ဒီနေ့ The Daily Eleven သတင်းစာမျက်နှာဖုံးမှာ ဖော်ပြထားသော မြောင်းမြတွင် ပျောက်ဆုံးသွားသော ကလေးငယ် အသတ်ခံရသည့် သတင်း

 
မြောင်းမြတွင် ပျောက်ဆုံးသွားသော ကလေးငယ်ကို မြောင်းမြမြစ်အတွင်း ပီနံအိပ်ဖြင့်ထည့်သွင်းထားပြီး သေဆုံးလျက်ပြန်လည်တွေ့ရှိ
မြောင်းမြတွင် နိုဝင်ဘာလ(၅)ရက် ညနေ(၅)ခန့်တွင် အမှတ်(၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း ရှိ မိဘများနေအိမ်မှ ပျောက်ဆုံးသွားသော အသက်(၇)နှစ်အရွယ်ရှိ ကလေးငယ်ကို နိုဝင်ဘာလ(၈)ရက် နံနက်ပိုင်းတွင် မြောင်းမြမြစ်အတွင်း ပီနံအိပ်ဖြင့်ထည့်သွင်းထားပြီး သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ (၅)ရက်နေ့တွင် မိဘများဖြစ်သူ ကိုရဲနိုင်ဦး၊မသင်းမြဦးတို့၏ သမီးဖြစ်သူ မနှင်းသီရိလှိုင်(ခ)သီရိ အသက်(၇)နှစ်သည် နေအိမ်ခြံဝန်းအတွင်း ဆော့ကစားနေရာမှ ပျောက်ဆုံးသွားခဲ့ကြောင်း၊မိဘများက လိုက်လံရှာဖွေရာတွင် မတွေ့ရှိသောကြောင့် မြောင်းမြရဲစခန်းကို တိုင်ကြားထားကြောင်း၊ နိုဝင်ဘာလ(၈)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် မြောင်းမြဂုန်နီစက်ရုံအနီး ချောင်းထဲတွင် ပီနံအိတ်နှင့် ထုတ်လျက်သား ကလေးငယ်တစ်ဦး အလောင်းကို တွေ့ရှိရသဖြင့် မြောင်းမြရဲစခန်းမှ သွားရောက်စစ်ဆေးရာ ပျောက်ဆုံးနေသော ကလေးငယ်ဖြစ်နေသည်ကို သိရှိရကြောင်း၊ကလေးငယ်ကို ဦးခေါင်းပိုင်းမှ စတင်ကာ ပီနံအိတ်အတွင်း သွတ်သွင်းထားကြောင်း၊အလောင်းထည့်သွင်းထားသော ပီနံအိတ်တွင် ရာဇာမင်းပေါ်ဆန်းမွှေးဟု ရိုက်နှိပ်ထားပြီး၊ အတွင်းတွင် စပါးခွံများပါပါရှိကြောင်း၊ယင်းပီနံအိတ်မှာ ကလေးငယ်၏မိဘများနေထိုင်ရာ နေအိမ်တွင် အသုံးပြုသော အိတ်ခွံဖြစ်ကြောင်း၊ကလေးငယ် အလောင်းကို မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ရင်ခွဲရှာဖွေခဲ့ပြီး ၊မြောင်းမြရဲစခန်းမှ လူပျောက်မှုမှ လူသတ်မှုသို့ ပြောင်းလဲ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
"သမီးလေးကို ဖွဲဂိုထောင်နားမှာ ပျောက်သွားတာလေ၊ကလေးကို သတ်တယ်လို့ ယူဆရတဲ့သူကိုတော့ ရဲကလာခေါ်ယူသွားပါပြီ၊ဆရာဝန်ရဲ့ ဆေးစာတော့ မရသေးပါဘူး၊ပြင်ပဒဏ်ရာ တွေတော့မတွေ့ရပါဘူး"ဟု ကလေးငယ်၏ ဦးလေးတော်သူ တစ်ဦးကပြောသည်။
"ကျွန်တော်တို့ ၊သံသဃရှိတဲ့ သူကိုတော့ စစ်မေးနေပါပြီ၊ကလေးကို နောက်ဆုံးတွေ့ခဲ့တဲ့ စပါးခွံသယ်တဲ့ အလုပ်သမားလေးပါ၊သူ ကလေးပျောက်တဲ့ ညနေပိုင်းမှာ ပီနံအိတ်တစ်လုံးကို စက်ဘီးပေါ်တင်တွန်းသွားတာကို ရပ်ကွက်အချို့က လူတွေကလဲ တွေ့တယ်လို့ ဆိုထားတယ်"ဟု မြောင်းမြရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
ယင်းကဲ့သို့ ကလေးငယ်တစ်ဦးကို လူသတ်၊အလောင်းဖျောက်သည့် ကိစ္စနှင့်ပက်သက်ပြီး မြောင်းမြရဲစခန်းမှ (ပ) ၃၅၀/၁၃ ၊ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment