ဖောက်ထွင်းလုယက်မှုတစ်ခုတွင်
ဘဏ်အရာရှိနိုရာဇီတာအဘူတာလိ(Norazita Abu Talib)အား ရက်ရက်စက်စက် သတ်ခဲ့သူ
အင်ဒိုနီးရှားအမျိုးသားတစ်ဦးကို မလေးရှားနိုင်ငံအတွင်း မှထွက်ပြေးရန်
ကြိုးစားစဉ် အချိန်မီဖမ်းချုပ်နိုင်ခဲ့သည်။
လူယုတ်မာလုံခြုံရေးဝန်ထမ်းသည် ဘဏ်အရာရှိနိုရာဇီတာအဘူတာလိကို အောက်
တိုဘာလ ၂၃ ရက်တွင် လေသေနတ်ဖြင့် သတ်ပစ်ကာ ရင်းဂစ် ၄၅၀၀၀၀ ခိုးယူခဲ့ပြီး၊
နီးစပ်ရာကျွန်း သို့ထွက်ပြေးရန်အလို့ငှာ နံနက် ၇ နာရီတွင်
ဆိပ်ကမ်းတစ်ခုသို့ဦးတည်ထွက်ခွာခဲ့သည်။ဘူကစ်အာမန်ရဲစခန်းမှစစ်ဆင်ရေးအပြည့်ဝတ်ဆင်ထားသောရဲတပ် ဖွဲ့(Ops Cantas Khas)သည် ၄င်းကာ မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ကာ ပြေးစရာမရှိအောင် ပိတ်ဆို့ ထားနိုင်ခဲ့သည်။
အင်ဒိုနီးရှားအမျိုးသားသည် မလေးရှားမှတ်ပုံတင်(MyKad)ကဒ်ပြားအတုကိုင်ဆောင်ကာ ဂျိုးဟိုး (Johor)၊ ကိုတာတင်းဂီ (Kota Tinggi)၊ ကမ်ပုန်တန်ဂျုံဘီလုံကော်(Kampung Tanjung Belungkor)ရှိ ရွာဟောင်းမှထွက်ပြေးရန် စီစဉ်ထားကြောင်း ရဲများက သတင်းရထားခဲ့သည်။
သို့မဟုတ် စင်ကာပူနိုင်ငံ၊ ပူလောင်တီကုန်(Pulau Tekong)အနီးဝန်းကျင်သို့ဦးတည်ထွက်ပြေးနိုင် ကြောင်း စုံစမ်းသူများက ယုံကြည်ကြသည်။
‘ပစ်ခတ်မှုနဲ့ဖောက် ထွင်းမှုရဲ့အဓိကသံသယရှိသူကို ထိန်းသိမ်းထားပြီးပြီ။ ကျွန်တော်တို့ ၃ ပတ်ကြာအောင် လုပ်ဆောင်ခဲ့ တဲ့ လူရှာပွဲက အဆုံးသတ်ပါပြီ’ဟု နိုငံတော် စီအိုင်ဒီညွှန်ကြားရေးမှူး ဒါသွတ်ဟာဒီဟိုအပ်ဒူလာ (Datuk Hadi Ho Abdullah)က ပြောသည်။
အင်ဒိုနီးရှားသို့မ၀င်မီ သံသယရှိ သူသည် ရွာတစ်ရွာတွင်ပုန်းခိုခဲ့သည် သို့မဟုတ် အကူးအပြောင်းလုပ်ရန် နေရာတစ်နေရာအသုံးပြုမှုရှိ မရှိကို ရဲများက စုံစမ်းစစ်ဆေးခဲ့သည်ဟု အရာရှိက ပြောသည်။
သို့သော်အနီးအနားမှတံငါသည်ရွာသားများက ရွာတွင်းသို့ သူစိမ်းများဝင် ရောက်သည်ကို သတိမထား မိကြောင်း ထွက်ဆိုကြသည်။
နိုရာဇီတာကိုပစ်ခတ်စဉ်အသုံးပြုခဲ့သည့်သေနတ်နှင့်ဖောက်ထွင်းမှုမှရထားသောငွေသား အများစုကိုရွာများက မတွေ့ရှိသေးကြောင်း အရာရှိက ပြောပြသည်။
ဖောက်ထွင်းသ မားသည် အဖမ်းမခံရခင်တွင် ကလန်းဗယ်လီနှင့် ဂျိုဟိုးရှိ စွန့်ပစ်ထားသော အဆောက်အဦး များနှင့် လူမနေသောအိမ်များတွင် လှည့်လည်ခိုအောင်းခဲ့သည်ဟု ဆီလန်ဂေါရဲချုပ်က ပြောသည်။
‘အောက်တိုဘာ ၂၃ ရက်၊ ဖောက်ထွင်းမှု ဒါမှမဟုတ် လူသတ်မှုကျူးလွန်ပြီးတဲ့နောက်မှာ သံသယရှိသူဟာ ဂျိုဟိုးအရောက် သွားဖို့ ဘတ်စ်ကားနဲ့တက္ကစီစီးဖြစ်မယ်လို့ယုံကြည်ရတယ်။ ဂျိုဟိုးရောက်တော့ သူက အိမ်နီးချင်းနိုင်ငံ မှာ ထွက်ပြေးနိုင်ဖို့ဆိုပြီး ပတ်စပို့အတုကို မသမာအဖွဲ့ဆီမှာ အကူအညီတောင်းဖို့ ကြိုးစားခဲ့တယ်’ဟု အ ရာရှိက ရှင်းပြသည်။
အစောပိုင်းတွင် ရဲဘက်စုံထောက်လှမ်းရေးအရာရှိက လူယုတ်မာကိုမိထားသည့်သတင်းနှင့်အတူ သူ၏ တပ်သားများ စွမ်းဆောင်ရည်ချီးကျူးသည့်အကြောင်း Tweeter တွင် ဖော်ပြခဲ့သည်။
‘ရက်စက်ယုတ်မာတဲ့ Ambank လူသတ်သမား၊ ဖောက်ထွင်းသမားကို ဒီမနက် ဂျေဘီ(JB)မှာ ထိန်းသိမ်းနိုင်ခဲ့တဲ့ ဘူကစ် အာမန်စစ်ဆင်ရေးအဖွဲ့တွေ သိပ်တော်တယ်။ မှုခင်းတိုက်ဖျက်ရေးမှာ ကူညီပေးတဲ့မလေးရှားနိုင်ငံသား တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အနာဂတ်မှာလည်း ပြည်သူတွေနဲ့ ပိုမိုလက်တွဲရလိမ့်မယ်လို့ မျှော်လင့်တယ်’ဟု အရာရှိက လွှင့်တင်ထားသည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် သံသယရှိသူကို နိုဝင်ဘာလ ၁၆ ရက်အထိ ရမန်တင်ထားသည်။
ပက်တလင်းဂျာရာတရားခွင်တွင် ရမန်ခံယူရန် ၄င်းကို ကိုတာတင်းဂီမှဆီလန် ဂေါသို့ကားဖြင့် ခေါ်ဆောင် ခဲ့ကြသည်။အရပ်အမောင်း ၁၅၀ စင်တီမီတာခန့်ရှိသော ၄င်းသည် ရဲများ၏အစောင့်အကြပ်ဖြင့် မွန်းလွဲ ၃ နာရီ၊ မိနစ် ၂၀ ခန့်တွင် တရားခွင်သို့ ရောက်ခဲ့လာသည်။
Sသံသယရှိသူကို ဆူဘန်းဂျာရာရဲစခန်းဌာနချုပ်တွင် ထိန်းသိမ်းထားမည်ဟု ဆူဘန်းဂျာရာ အိုစီပီဒီလက်ထောက်အရာရှိ ရာဟာရာရမ်လီက ပြောသည်။
ဂျလန်း USJ စင်ထရာယ် ၂ (Jalan USJ Sentral 2)ရှိ ဘဏ်ခွဲမီးခံသေတ္တာကို Ambank စီမံခန့်ခွဲရေး မန်နေဂျာနိုရာ ဇီတာနှင့်လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့က ဖွင့်လှစ်စဉ် နိုရာသည် သေနတ်ဖြင့် ပစ်သတ်ခံရသည်။
ဖောက်ထွင်းမှုနှင့်ဆက်နွယ်နိုင်သဖြင့် အသက် ၃၀ နှစ်နှင့် ၅၀ နှစ်ကြား အခြားအင်ဒိုနီးရှားနိုင်ငံသား ၈ ဦးလည်း အထိန်းသိမ်းခံရသည်။ ၄င်းတို့မှာ သံသယရှိသူ ၏ဇနီး၊ မိသားစုဝင်နှင့် အသိမိတ်ဆွေများ ဖြစ်ကြသည်။ အများစုသည် MyKad အတုကိုင်ဆောင်ကြ သည်ကိုတွေ့ရသည်။ဖောက်ထွင်းထားသော ငွေသားထဲမှရင်း ဂစ် ၂၀၀၀၀ ကိုရဲများက သိမ်းဆည်းခဲ့သည်။
Zo Vi (မျက်ရှင်)
ref: the star
No comments:
Post a Comment