Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 14, 2013

အင်ဂျလီနာ ဂျိုလီ ပေးပို့သည့် သဝဏ်လွှာ ချစ်သုဝေ ဖတ်ကြား


နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းတွင် အင်ဂျလီနာ ဂျိုလီ ပေးပို့ သည့် သဝဏ်လွှာကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ကြားပေး ခဲ့ကြောင်း ချစ်သုဝေက ပြောသည်။

''ဂျိုလီရဲ့ သဝဏ်လွှာထဲမှာက ထရီဇာတို့နိုင်ငံကြီး တိုးတက် ပြောင်း လဲနေတဲ့ကာလကြီးမှာ အမျိုးသမီးတွေက ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးဆွေး နွေးခြင်းတွေ နဲ့ နိုင်ငံရဲ့ အရေးအရာ ခေါင်းဆောင်မှုပိုင်းတွေမှာ ပါဝင်ဆွေးနွေးတဲ့အခါ ဒီအမျိုး သမီးတွေကို လျစ်လျူရှုထားလို့ မရ ဘူး။ ဒီအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပါဝင်ဖို့ကို သူမျှော်လင့်တယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက် လှုပ်ရှားမှုတွေ၊ နိုင်ငံသား အခွင့်အရေး ပျောက်ဆုံးမှုတွေကို အရေးတယူ စဉ်းစားပေးဖို့ သူ မျှော်လင့်တယ်။ အမျိုးသမီး အဖွဲ့အစည်းတွေ လုပ်နေတဲ့ ၁ဝ နှစ်စာ စီမံကိန်းကိုလည်း သူအမြဲတမ်း စောင့်ကြည့်နေပါ့မယ်။ အမြဲတမ်း အားပေးနေတဲ့အကြောင်း သဝဏ်လွှာပေးလိုက်တာပါ'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ လုံး ဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းကို နိုဝင်ဘာ ၉ မှ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ကျင်းပခဲ့သည်။

ချစ်သုဝေက ''အမျိုးသမီးများ ကွန်ရက်က ဦးစီးပြီးလုပ်တာပါ။ အဲဒီပွဲ မှာ နိုင်ငံခြောက်နိုင်ငံက အမျိုးသမီးတွေလာကြတယ်။ လိုင် ဘေးရီးယားက ၂ဝ၁၁ ခုနှစ်မှာ နိုဘယ်ဆုရခဲ့တဲ့ Laymah Gabwabi က မိန့်ခွန်းပြောတယ်။ သူတို့ လိုင်ဘေးရီးယား အမျိုး သမီးတွေ ကြုံခဲ့ရတာကို ပြောပြတယ်။ စစ်အာဏာရှင် အစိုးရ အောက်မှာ ပြည်တွင်း စစ်ဖြစ်နေတာ ၁၄ နှစ်ကြာ တယ်။ အဲဒီ ၁၄ နှစ် ကြာခဲ့တာကို လိုင်ဘေးရီးယား အမျိုးသမီးLay Mah ခေါင်း ဆောင်တဲ့ အမျိုးသမီးထုက တွန်းလှန်ကြတယ်။ ငြိမ်းငြိမ်း ချမ်းချမ်း လေးနဲ့ပဲ တောင်းဆိုကြတယ်။ အမျိုးသမီးများဆိုင်ရာ လိုအပ် ချက် တွေကို အမျိုးသားတွေ တောင်းဆိုပေးစရာ မလိုဘူး။ ခေါင်းဆောင် မှုပိုင်းတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသားတွေပဲ လုပ်ကြတယ်။ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်း မစဉ်းစားကြဘူး။ အဲဒီမှာ အမျိုးသမီးထုက မဆုတ်မနစ်သော ဇွဲနဲ့ ပါဝင်ရအောင် ဆန္ဒပြကြတယ်။ သူတို့ အောင်အောင်မြင်မြင်နဲ့ အာဖရိကနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး သမ္မတကို တင်မြှောက် နိုင်ခဲ့တယ်။ ထရီဇာတို့အတွက် အတုယူ ဖို့ကောင်းတယ်။ အတွေ့ အကြုံအသစ်တွေလည်း ရခဲ့ပါတယ်'' ဟု ပြောသည်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment