Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 1, 2013

သူငယ်ချင်းကို မနာလိုလို့ အဆိပ်ခပ်ရာမှ နှစ်ယောက်စလုံး၏ ကိုယ်ဝန်လျောကျ



သြစတြေးလျနိုင်ငံတွင် သူငယ်ချင်းဖြစ်သူကို မနာလိုသည့် အသက်(၂၆)နှစ်အရွယ် Angela Maier က ၎င်းတို့သောက်သော ဖျော်ရည်အတွင်း အဆိပ်ခပ်ခဲ့ရာမှ နှစ်ယောက်စလုံး၏ ကိုယ်ဝန်များ လျောကျ ခဲ့ကြောင်း သိရသည်။

Angela Maier ဟာ သူမကိုယ်တိုင် မွေးဖွားသော ကလေးကို လိုချင်ခဲ့သူဖြစ်ပေမယ့် သုံးကြိမ်တိုင်တိုင် သားပျက် သားလျော ခဲ့သူတစ်ဦးဖြစ်သည်။

စိတ်ဓါတ်ကျနေသော Angela Maier ဟာ သူမ၏ ယောင်းမလည်းဖြစ် သူငယ်ချင်းကောင်း တစ်ဦး လည်းဖြစ်သော သူ ကလေးရသွားတော့မည်အဖြစ်ကို မခံစားနိုင်သောကြောင့် ယခုလို ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း Angela Maier က ဆိုခဲ့သည်။

Angela Maier က သူမ၏ကလေးသေဆုံးသွားချိန် ထိုစုံတွဲ၏ကလေး ကြီးပြင်းလာမှာမျိုးကို မခံစားနိုင်သော ကြောင့် ယခုလိုကြံစည်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။
Angela Maier နှင့် သူမ၏ သူငယ်ချင်းယောင်းမဟာ တချိန်တည်းတွင် ကိုယ်ဝန်ရှိလာကြသူတွေဖြစ်ပြီး ကလေးပစ္စည်းတွေ အတူတူဝယ်ရင်း မွေးဖွားလာမည့် ကလေးအတွက် အစီအစဉ်အတူတူချနေသူ အချင်းချင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိပ်ခတ်ခံခဲ့ရသော သူမ၏ သူငယ်ချင်းယောင်းမ ရေတစ်ခွက်တောင်းသောက်ခဲ့တာကို သူမက သားပျက် သားလျောပြီးသူတွေ သောက်ရမည့် (သူမ ယခင် သားပျက်သားလျောစဉ်က သောက် သုံး ခဲ့သော) ဆေးရည်အား ကလေးအတွက် ဆေးကောင်းတစ်ခွက်ဟုဆိုကာ သောက်မည့်ရေခွက်ထဲထည့်ခပ် သောက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဆေးရည်သောက်သုံးပြီး သွေးဆင်းလာခဲ့သော သူမ၏ သူငယ်ချင်းယောင်းမဟာ ကလေးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

နောင်နှစ်လအကြာတွင် သူမ၏ သူငယ်ချင်းယောင်းမကို ဖိတ်ခေါ်ကာ သူမပြုလုပ်ခဲ့သည့်အတိုင်း ချောကလက်ပူ ဖျော်ရည်အတွင်းဝယ် ထိုဆေးရည်ထည့်၍ ငါသောက်ပြတာကိုကြည့်ဟုဆိုကာ သောက်ခဲ့သောကြောင့် Angela Maier ကိုယ်တိုင်လည်း ကိုယ်ဝန်ပျက်လျောကျခဲ့ကြောင်း သိရသည်။
ကလေးအခါခါလျောကျခဲ့သောကြောင့် ဘယ်လိုပင် စိတ်ဓါတ်ကျလို့ လုပ်တယ်ပဲဆိုဆို အပြစ်မဲ့သော ကလေးနှစ်ဦး၏ အသက်ကို ဆုံးရှုံးစေခဲ့သော Angela Maier အား သြစတြေးလျတရားရုံး က ထောင်ဒဏ်တစ်နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် (၁၄)ခု ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အဆိပ်ခတ်ခဲ့ပြီး နောင်နှစ်နှစ်အကြာ ၎င်းတို့နှစ်ဦး ကိုယ်ဝန်ပြန်ရှိလာခဲ့ကြကာ ယခုဆိုလျှင် Angela Maier ဟာ သုံးနှစ်အရွယ် သမီးကလေးကို ရရှိထားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

Source : Daily Mial
 
Source

No comments:

Post a Comment