Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 2, 2013

ယောက်ျားက အပေါ်မှာအိပ်နေချိန် သူမ၏ကျောင်းသားများနှင့် အိမ်၌ဖောက်ပြန်သည့် ဆရာမ

Music Teacher Jennifer Philp-Parsons  ဗြိတိန်နိုင်ငံတွင် အသက်(၄၅)နှစ်အရွယ်ရှိ လက်ထပ်ပြီးသော ကလေးသုံးယောက်အမေ အနုပညာသင်ကြားပေးသည့် ဆရာမက သူမ၏ကျောင်းမှ အသက်(၁၃)နှစ်မှ (၁၇)နှစ်အရွယ်ရှိ ကျောင်းသားနှစ်ဦးနှင့် သူမ၏အိမ်တွင် အတူဆက်ဆံခဲ့ကြောင်း သိရသည်။

Philp-Parsons ဟု ခေါ်သော သူမသည် Devon က လုပ်သက်(၁၆)နှစ် အတွေ့အကြုံရှိသောကြောင့် ကျောင်းတွင် အနုပညာသင်ကြားပြသရာ၌ ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့ပြီးနောက် ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းနှီးကျွမ်းဝင်သော သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ထိုအချက်ကို အသုံးပြု၍ သူမက သူမအိမ်တွင် ကျောင်းသား ကျောင်းသူများအား အရက်သေစာပါသော ပါတီပွဲကျင်းပပေးပြီး ယင်းပါတီပွဲများ၌ သူမ၏ ကျောင်းသားများဖြင့် အတူ လိင်ဆက်ဆံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သူမက ပထမကျောင်းသားအား ပါတီတစ်ခု၌ သိမ်းသွင်း၍ အပျော်ရှာပြီး နောက်ထပ်ကျင်းပသော ပါတီတစ်ခုတွင် ထိုကျောင်းသားနှင့် နောက်ထပ် ဆက်ဆံပြီးသည့်တိုင် အားမရနိုင်ဘဲ ထိုကျောင်းသားက မနက်တစ်နာရီအချိန် သူငယ်ချင်းနှင့် အစားအသောက် သွားထွက်ဝယ်ချိန်တွင် နောက်တစ်ယောက်အား သိမ်းသွင်း၍ သူမ၏ အိပ်ခန်းတွင် အပျော်ရှာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူမအမျိုးသား အိမ်ပေါ်ထပ်တွင် အိပ်ပျော်နေသောအချိန်တွင်လည်း သူမဟာ အောက်ထပ်မှာ ကျောင်းသားနှင့် အပျော်ရှာခဲ့သော အဖြစ်တစ်ခုလည်း ရှိခဲ့သည်ဟု သိရသည်။
အိမ်ထောင်သက်(၁၈)နှစ်ရှိပြီဖြစ်သော ခင်ပွန်းနှင့် အိမ်ထောင်ရေးပြဿနာရှိသော သူမသည် ကျောင်းသားများနှင့် ယခုလို အပျော်ရှာတာ မှားမှန်း ၊ အန္တရာယ်ကြီးမှန်း သိပေမယ့် သိလျက်နှင့်မှားပြီး လွန်ကျွံခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
ထောင်ဒဏ် နှစ်နှစ်ခွဲ ကျခံစေရန် အပြစ်ပေးခြင်းခံရသော သူမကို သူမ၏ခင်ပွန်းက တရားရုံးတွင် လာရောက် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
Source : Daily Mail
http://88thitsamyae.blogspot.com/2013/11/blog-post_2.html

No comments:

Post a Comment