ရန်ကုန်၊ နိုဝင်ဘာ ၂၂
၂၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန်
တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊
တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့တို့သည် တိုက်ကြီးမြို့နယ်၊
ရှမ်းစုရပ်ကွက်၊ လိမ္မော်ခြံလမ်းရှိ နေအိမ်တစ်အိမ် မီးလောင်နေကြောင်း
သတင်းအရသွားရောက်ခဲ့ရာအဆိုပါလမ်းရှိ ဒေါ်ကြုံဟွမ်(ဘ)ဦးကျော်ရှိန်နှင့်
သားဖြစ်သူ ဇော်ညွန့်(ခ)ပေါက်စီ (ဘ)ဦးဝမ်ကြားရှီ တို့နေထိုင်သော လေးပင်၊
သုံးခန်း၊ ဓနိမိုး၊ထရံကာမြေစိုက်နေအိမ်အားမီးလောင်နေသည်ကို တွေ့ရှိရပြီး
ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၉၁၅အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါနေအိမ်မီးလောင်မှုနှင့်ပတ်သက်၍စစ်ဆေးရာသားဖြစ်သူ
ဇော်ညွန့်(ခ)ပေါက်စီသည် အရက်မူးလွန်ပြီး နေအိမ်ခန်းအတွင်းရှိ အ၀တ်ပုံအား
ဂတ်(စ်)မီးခြစ်ဖြင့်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး
မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၃၂၀၀၀၀)ခန့်ဆုံးရှုံးခဲ့ကာ မီးရှို့သူ
ဇော်ညွန့်(ခ)ပေါက်စီအား တိုက်ကြီးမြို့မရဲစခန်း(ပ)၃၆၀/၂၀၁၃၊ ပုဒ်မ ၄၃၆ဖြင့်
အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 22, 2013
အရက်မူးလွန်ကာ နေအိမ်အားမီးရှို့
Reviewed by VC
on
November 22, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment