Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 20, 2013

ကျီစု သုသာန်အကျွတ်အလွတ် ပွဲတွင် တစ်နာရီအတွင်း အမဲသားများ ကုန်သွားဟုဆို

ရန်ကုန် ၊ နိုဝင်ဘာ ၁၉
ကျီစု သုသာန်၌ ဝေမာနိကများ အား ထမင်းကျွေးမွေးရာ၌ အမဲသားများမှာ တစ်နာရီအတွင်း အားလုံးနီးပါး ကုန်ဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ရက်ညတွင် သေလွန်ပြီးနောက် မကျွတ်မလွတ်ဘဲ ဝေမာနိက ဘဝသို့ ရောက်နေသူများ ကျွတ်လွတ်စေရန် အကျွတ်အလွတ်ပွဲ မကျင်းပမီ တစ်ရက်အလိုတွင် ဝေမာနိကများအား ထမင်းအစား အသောက်များ စားနိုင်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစု သုသာန်ပတ်လည်တွင် ထမင်းပုံများနှင့်အတူ အမဲသားများထား ပေးခဲ့ရာတွင် ယင်းသို့ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။

''ည ၆နာရီလောက်မှာ လဲ ထူးခြားစွာနဲ့ ဒီသုသာန်နဲ့အနီး တစ်ဝိုက်မှာပဲ မိုးတွေတအားရွာ ခဲ့ပါတယ်။ ည ၇ နာရီမှာ လူကြီး ဝေမာနိကတွေစားဖို့ကို ထမင်းနဲ့ အမဲသားအစိမ်းကို စီစဉ်ပေးပြီး ကလေးဝေမာနိကတွေအ တွက် ပဲဟင်း၊ ချိုချဉ်နဲ့ ထမင်းတွေ ကို သုသာန်ပတ်လည်မှာ တစ်ပုံစီ ခြားထားပြီး စီစဉ်ပေးခဲ့ပါတယ်။ ည ၈နာရီလောက်မှာ သွားကြည့် တော့ ထမင်းတွေကတော့ လက်ရာမပျက်ရှိနေပြီး အမဲသားစိမ်း တွေ ကတော့ အကုန် ကုန်နေတာကို တွေ့ရပါတယ်''ဟု ဦးအောင်နိုင်ဝင်း ကပြောသည်။
ငယ်ထွေး(ကလေး)
Yangon Media Group aa

No comments:

Post a Comment