Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 2, 2013

ကချင် ဒုက္ခသည် အမျိုးသမီးကို တရုတ်သို့ ရောင်းစားသူ ကေအိုင်အို အရေးယူမည်


လိုင်ဇာ၊ နိုဝင်ဘာ ၁
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်နယ်မြေ လိုင်ဇာရှိ ဂျေယန်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ အသက်မပြည့်သေးသူ မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ယွမ်ငွေ သုံးသောင်းဖြင့် ရောင်းစားခဲ့သူကို အရေးယူရန် ကြိုးပမ်းလျက် ရှိကြောင်း စစ်ရှောင်စခန်း အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာနော်ဂျာက ပြောကြားသည်။
ဂျေယန်းစခန်းမှ အသက် ၁၇ နှစ်အရွယ် ကချင်အမျိုးသမီးကို ၂၀၁၃ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူး ခဲ့သည်ဆိုသော လထော်ဇော်ဝမ် (ခ) ဘရန်မိုင်သည် လက်ရှိ ယူနန်ပြည်နယ် ရင်ဂျန်းမြို့တွင် နေထိုင်လျက် ရှိကြောင်း သတင်းရသဖြင့် ကေအိုင်အို ကချင်အမျိုး သမီးရေးရာအဖွဲ့သို့ အရေးယူနိုင်ရန် တင်ပြထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“အရင်က သူရောင်းစားခဲ့ဖူးတဲ့ ယောက်ျားလေး တစ်ယောက်ရဲ့အမေက ရင်ဂျန်းမှာနေတော့ သူကတရုတ်ရဲကို တိုင်းထားတာ။ အခုတရုတ်ရဲက လထော်ဇော်ဂမ်ကို ရင်ဂျန်းက မထွက်နိုင်အောင် ထိန်းထားတယ်လို့ ပြောတယ်” ဟု ဆရာနော်ဂျာက ဆိုသည်။
ယွမ်ငွေသုံးသောင်းဖြင့် ရောင်းစားခံရသူ ကချင် အမျိုးသမီးငယ်မှာ ဂျေယန်းစခန်း တာဝန်ခံများနှင့် ကချင်အမျိုးသမီးရေးရာ အဖွဲ့တို့၏ ကြိုးပမ်းမှုကြောင့် လူကုန်ကူး ခံရပြီး ရက်ပေါင်း ၂၀ ခန့် အကြာတွင် စခန်းသို့ ပြန်လည် ရောက်ရှိလာကြောင်း ဂျေယန်းစခန်း အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
လူကုန်ကူးသူဟု စွပ်စွဲထားသူ လထော်ဇော်ဂမ်ကို အရေးယူရန် စီစဉ်နေပြီ ဖြစ်ပြီး ယခင်အလားတူ လူကုန်ကူးခဲ့သူ တရားခံများကို တရုတ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍သော် လည်းကောင်း၊ အဖွဲ့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့်သော် လည်းကောင်း လိုင်ဇာသို့ ခေါ်ယူ၍ အရေးယူမှုများ ရှိခဲ့ကြောင်း ကချင် အမျိုးသမီးရေးရာအဖွဲ့ (လိုင်ဇာ) မှ ဆရာမဒေါ်ခေါန်ရာက ပြောကြားသည်။
ဂျေယန်းစခန်းတွင် လူကုန်ကူး ခံရမှုများ သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လူကုန်ကူးသူများမှာ စစ်ရှောင်စခန်းမှ ငယ်ရွယ်သူများကို ပစ်မှတ်ထားလေ့ ရှိသဖြင့် စခန်းလူအဝင်အထွက် စာရင်းများကို အထူးကြပ်မတ် စစ်ဆေးနေရကြောင်း ဂျေယန်းစစ်ရှောင်စခန်း တာဝန်ခံများက ပြောဆိုသည်။

No comments:

Post a Comment