Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 30, 2013

နေပြည်တော်က ဖိုးလပြည့် ပိုင်တဲ့ ကြယ်ငါးပွင့် အဆင့် မောင်ပုလဲဇင် ဟိုတယ် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင် ကွန်ကရစ်လမ်းမကြီး နှင့် သစ်တော်ကြိုးဝိုင်းများအကြောင်း....


Burmar Pyi Thar မှယူသည်
နေပြည်တော်က ဖိုးလပြည့် ပိုင်တဲ့ ကြယ်ငါးပွင့် အဆင့် မောင်ပုလဲဇင် ဟိုတယ် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင် ကွန်ကရစ်လမ်းမကြီး နှင့် သစ်တော်ကြိုးဝိုင်းများအကြောင်း....

မောင့်ပုလဲဇင့် ဟိုတယ်ဆိုတာ နေပြည်တော်မှ အလွန်နာမည်ကြီးပါတယ် ၊ နေပြည်တော် ဟိုတယ်ဇုံ ၂ ခုထဲမှာ မရှိပဲ အမြင့်ပေ ၁၆၀၀ ကျော်ရှိတဲ့ ဖိုးစောက်တောင်ပေါ်မှာ ရှိတဲ့ ကြယ်ပွင့်များစွာအဆင့်ရှိတဲ့ ဟိုတယ်ကြီးပါ ၊

၂၀၁၀ နှစ်ဆန်းပိုင်းလောက်က စတင်ဖွင့်လှစ်ခဲ့ပြီး စစဖွင့်ချင်းမှာကိုပဲ ဟိုတယ်ပိုင် ဧရိယာက အနည်းဆုံး ဧက ၅၀ လောက်ရှိပါတယ် ၊
ဂျီဖိုးဂရုက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဦးသန်းရွှေရဲ့ မြေးတော်လေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးတာလို့လဲ သိရပါတယ် ၊

မောင့်ပုလဲဇင့်ဟိုတယ်ကို သွားမယ်ဆိုရင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းအနီး ရွှေပုဇွန်ကိတ်မုန့်တိုက်အနီးကနေ တောင်ပေါ်လမ်းအတိုင်းတက်သွားရပါမယ် ၊

အင်ကြင်းပန်းအဝိုင်းကို (Google Map)ဂူဂယ်မတ်မှာ 19.814272,96.164138 ရိုက်ထည့်ပြီးကြည်ံနိုင်ပါတယ် ၊

မောင့်ပုလဲဇင့် ဟိုတယ်နေရာကို 19.882087,96.137445 လို့ ဂူဂယ်မတ်မှာ ရိုက်ထည့်ရှာကြည့်နိုင်ပါတယ် ၊

မောင့်ပုလဲဇင့်ဟော်တယ်မှာ ခေတ်မီဆက်သွယ်ရေးကိရိယာများအပြည့်တပ်ဆင်ထားပြီး အင်တာနက်လိုင်းအတွက် သီးသန့်ဖိုင်ဘာဂလပ်ကြိုးများဖြင့် ဆက်သွယ်ထားတယ်လို့လဲ သိရပါတယ် ၊ယခုအခါ မောင့်ပုလဲဇင့် ဟိုတယ်ပိုင် သီးသန့်လမ်းအဖြစ် မိုင် ၃၀ လောက်ရှည်တဲ့ တောင်ပေါ်ကွန်ကရစ်လမ်းမကြီးကိုဖောက်လုပ်ပြီးစီးသွားပြီလို့သိရပါတယ် ၊

အဲဒီလမ်းမကြီးဟာ မောင့် ပုလဲဇင့်ကနေ တောင်ကြောအတိုင်း ဆက်သွားရင် တပ်ကုန်းမြို့မြောက်ဖက်အထွက် ကိုရောက်သွားမှာဖြစ်ပါတယ် ၊
အဲဒီလမ်းမကြီးကိုလည်း ဦးသန်းရွှေမြေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးမယ်လို့ သိရပါတယ် ၊

အဲဒီလမ်းမကြီးအတိုင်း တပ်ကုန်းဘက်ကနေ လာမယ်ဆိုရင် ဂူဂယ်မတ်ပေါ်မှာ ဒီအမှတ်တွေကို တစ်ခုပြီးတစ်ခုရိုက်ထည့်ပြီးကြည့်နိုင်ပါတယ် ၊
ရန်ကုန် မန္တလေးလမ်းဟောင်းမှ တပ်ကုန်းနေုပြည်တော် သီသန့်လမ်း အဝင် 20.152813,96.192069
တပ်ကုန်းနေပြည်တော် သီးသန့်လမ်းမှ မောင့်ပုလဲဇင့်ဟော်တယ်ပိုင်လမ်းသို့အဝင် 20.145602,96.171434

အဲဒီလမ်းမကြီးကို နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့်က တာဝန်ယူ အကုန်အကျခံ တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ် ၊
နေပြည်တော်ရောက်ဖူးသူတိုင်း မောင့် ပုလဲဇင့်ကို မရောက်ဖူးကြပါဘူး ၊ မောင့်ပုလဲဇင့်ကို မရောက်ဖူးရင် ခေတ်မမှီဘူးလို့လည်း ပြောသံတွေကြားရပါတယ် ၊

အခြားဟိုတယ်တွေမှာ မရရှိနိုင်တာတွေ အကုန်လုံးကို မောင့်ပုလဲဇင့်မှာ ရရှိနိုင်အောင် အရန်သင့် ထားရှိထားတယ်လို့ သိရပါတယ် ၊
မောင့်ပုလဲဇင့် ဟိုတယ်ဟာ ဦးသန်းရွှေ အိမ်မက်ရတဲ့ အတိုင်းတည်ဆောာက်ထားတာဖြစ်ပြီး မြေးဖြစ်သူ ဖိုးလပြည့် အကြိုက်ဝန်ဆောင်မှုများကိုလည်း အပြည့်အစုံဖြစ်အောင် ထည့်သွင်းထားတယ်လို့ သိရပါတယ် ၊

ဝန်ထမ်းတွေ အားလုံးကိုလည်း ဟိုတယ် အတွင်း မည်သည့် ဖုန်း ကင်မရာ ဆက်သွယ်နိုင် တဲ့
ပစ္စည်း မှန်သမျှ အထဲ ပေးမယူ ပါဘူး နေ့တိုင်း အပြင် မှာ စစ်ဆေးပါတယ်..
အကုန်လုံး ကို အပြင်မှာထားခဲ့ရပါတယ် နောက်ပြီး ဟိုတယ် ကို လာတဲ့ သူတွေ မှန်သမျှ
အာဏာ ၇ှင် မိသားစု အသိုင်းဝိုင်း နဲ့ ဆက် စပ်ပက်သက် သမျှ ထိတ်ထိတ် ကျဲတွေကြီးပါဘဲ
နောက်ဆုံးပေါ် ကားများ အပြင်တွင် တစ်ခါ မှ မမြင် ဘူးတဲ့ ကားတွေ အစီအရီ ပါကင် ထိုးထားပါတယ်...

မောင့်ပုလဇင့် ဟိုတယ်ရဲ့ အနောက်ဖက် ကပ်ရပ်မှာတော့ ဧကသောင်းချီရှိတဲ့ သစ်တောကြိုဝိုင်းကြီးတစ်ခုရှိပါတယ် ၊
အဲဒီသစ်တောကြိုးဝိုင်းကြိးကိုလည်း ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့က မြေးတော်လေး ဖိုးလပြည့်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးထားတယ်လို့ သိရပါတယ် ၊

(နေပြည်တော်မှ ပေးပို့လာသော သတင်းဖြစ်သည်)
အောင်သောင်းထိုက် ( မောင့်ပုလဲဇင့် ဟိုတယ်ဝန်ထမ်း အမည်လွှဲ)
Post #Burmarpyithar

No comments:

Post a Comment