Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2013

မာလာလာ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ တာလီဘန်ခေါင်းဆောင် အဖြစ်ရွေးချယ်


ပါကစ္စတန် ကျောင်းသူလေး မာလာလာ (Malala Yousafzai) ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အဖွဲ.ကို ဦးဆောင်သူ Maulana Fazlullah ကို ပါကစ္စတန် တာလီဘန်တို.က ခေါင်းဆောင်သစ် အဖြစ် ယနေ. ရွေးချယ်လိုက်သည်။
အစ္စလမ်မာဘတ်မြို. အခြေစိုက် BBC သတင်းထောက် Richard Galpin က သူသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှန်သမျှကို ဆန်.ကျင်သွားဖွယ် ရှိကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်တို.၏ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သော ပါကစ္စတန် တာလီဘန် ခေါင်းဆောင် Hakimullah Mehsud ၏ နေရာတွင် Mullah Fazlullah က ခေါင်းဆောင်သစ် အဖြစ် ဆက်ခံကြောင်း ထိုအဖွဲ.၏ ပြောရေးဆိုခွင့် ရှိသူက မကြာသေးမီ အချိန်က ကြေငြာလိုက်ခြင်း ဖြစ်သည်။
စွက်(တ)ဒေသမှ သဘောထား ပြင်းထန်သူ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် Mullah Fazlullah သည် ပါကစ္စတန် နိုင်ငံ အနောက် မြောက်ပိုင်း တွင် ပြုလုပ်ခဲ့သည့် တွေ.ဆုံပွဲတွင် ယခုကဲ့သို. ခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
ယခင် ခေါင်းဆောင်ဟောင်း Mehsud သည် နိုဝင်ဘာလ ၁ ရက်နေ.က ပါကစ္စတန် မြောက်ပိုင်း ၀ါဇရီစတန် ဒေသတွင် မော်တော်ယာဉ်ဖြင့် ခရီး သွားလာစဉ် အမေရိကန် မောင်းသူမဲ့ လေယာဉ်မှ တိုက်ခိုက်သော ဒုံးကျည် ထိမှန်ပြီး သေဆုံးခဲ့ရသည်။
ထိုတိုက်ခိုက်မှုသည်တာလီဘန်တို.နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက် ရန် ကြိုးစားနေသော ပါကစ္စတန် နိုင်ငံ၏ အားထုတ်မှုကို အနှောက်အယှက် ဖြစ်စေခဲ့ကြောင်း ပါကစ္စတန် အစိုးရက အမေရိကန်ကို ပြစ်တင် စကား ဆိုခဲ့သည်။
Mullah Fazlullah သည် မာ့ဆွတ် မျိုးနွယ်စုဝင် မဟုတ်ခြင်းကြောင့် ၄င်း ခေါင်းဆောင် ဖြစ်လာပါက ပါကစ္စတန် တာလီဘန် အဖွဲ.အစည်း၏ ကျောရိုးဖြစ်သော မာ့ဆွတ် မျိုးနွယ်စုဝင် အဖွဲ.၀င်များကို ခေါင်းဆောင်မှု ပေးရာတွင် စိန်ခေါ်မှုများ ကြုံရနိုင်ကြောင်း အစ္စလမ်မာဘတ်မြို. အခြေစိုက် BBC သတင်းထောက် M Ilyas Khan က တာလီဘန်တို.က ယခု ခေါင်းဆောင်သစ် ခန်.အပ်ကြောင်း မကြေငြာမီက မှတ်ချက် ပေးထားဖူးပါသည်။
BBC News

No comments:

Post a Comment