CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ်ရှိနေသည့် ဘက်ဟမ်း
ဒေးဗစ်ဘက်ဟမ်းအနေဖြင့် ဗြိတိန် နန်းတွင်း၏ သူကောင်းပြု ချီးမြှင့်မှုကို ခံရဖွယ်ရှိနေကြောင်း သတင်းများက
ဖော်ပြခဲ့ သည်။နှစ်သစ်ကူးကာလ တွင် ပေးအပ်ချီး မြှင့်မည့် (Sir) ဘွဲ့အတွက်
လျာထား စာရင်းတွင် အင်္ဂလန် လက်ရွေးစင်ဘော လုံးအသင်းခေါင်းဆောင်ဟောင်းကို
ဗြိတိန်တော်ဝင်မိသားစုက အမည်ထည့်
သွင်းထားကြောင်း သိရှိရသည်။
အသက် ၃၈ နှစ် ရှိဘက်ဟမ်းသည်ပေါင်စတာလင် ၁၆၅ သန်းမျှ ကြွယ်ဝ
ချမ်းသာနေပြီဖြစ် ပြီး သူကောင်းပြုထိုက်သည့် ဓနအင်အား ရော၊
လူမှုဘဝဖြတ်သန်းမှုမျိုးပါ ရှိနှင့် ထားပြီဟု နန်းတွင်းက ယူဆထားသည်။
နောက်ဆုံးအဆင့် အမည်စာရင်းကို ယခုလကုန်တွင် သတ်မှတ်မည်ဖြစ်ပြီး ဘက်ဟမ်းအနေဖြင့် သေချာပေါက်ပါဝင်နိုင်မည် ဟု သတင်းကြီးလျှက်ရှိ သည်။ သူကောင်းပြုရန် ရွေးချယ်သည့်
အဖွဲ့အစည်းများနှင့် နီးစပ်သူ တစ်ဦးက “ဝင်ငွေရော၊ လူမှုဘဝပုံရိပ်ပါ အဆင့်
မြင့်မားသူတွေကို ပိုပြီးမြင့်မားတဲ့ သူ ကောင်းပြုမှုမျိုး ပြုလုပ်နိုင်ခြေ
ရှိပါတယ်။
အထူးသဖြင့် အား
ကစားနယ်ပယ်မှာထူး
ချွန်ပြီးဝင်ငွေအများအပြား ရယူစုဆောင်း နိုင်တဲ့ ထူးချွန်ပုဂ္ဂိုလ်မျိုးတွေ
ဆိုပါတော့” ဟု ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် ဗြိတိသျှ အိမ်ရှေ့စံ မင်းသား
ဝီလျံနှင့် လည်း ခင်မင်ရင်းနှီးသော
ဆက်ဆံရေး ရှိနေပြီး ၎င်းတို့နှစ်ဦးသည် လူမှုအကျိုး ပြုလုပ်ငန်းများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်လေ့ရှိကြောင်းလည်း သိရှိ ရသည်။
အကယ်၍ ဘက်ဟမ်းသာ Sir ဘွဲ့ ကို အမှန်တကယ်ရရှိခဲ့ပါက ၎င်း၏ဇနီး သည်
ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားက လည်း lady အဖြစ် သူကောင်းပြု ခံရ
မည်ဖြစ်သည်။ ဘက်ဟမ်းသည် ဘော
လုံးနယ်ပယ်တွင် ထူးချွန်သော စွမ်းဆောင်ရည်များ ပြသနိုင်ခဲ့ သည့်အတွက် ObE ဘွဲ့ကိုလည်း ရရှိထားပြီးဖြစ်သည်။
Planet News
ဆာဘွဲ့ပိုင်ရှင်အဖြစ် သူကောင်းပြုခံရဖွယ်ရှိနေသည့် ဘက်ဟမ်း
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
November 11, 2013
Rating:
5
No comments:
Post a Comment