(ရန်ကုန်၊ နိုဝင်ဘာ ၁၂ )
သရုပ်ဆောင်၊ အဆိုတော်
ဝိုင်းစုခိုင်သိန်းနှင့် သူ၏ ချစ်သူ ကိုဥက္ကာကြူ တို့သည် ၂ဝ၁၄ ခုနှစ်
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ Valentine Day(ချစ်သူများနေ့) တွင် လက်ထပ်
မင်္ဂလာပွဲဆင်နွှဲ တော့မည် ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်
ဆီဒိုးနား ဟိုတယ်၌ ဘိသိက် မင်္ဂလာပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့
ညနေပိုင်းတွင် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၌ မင်္ဂလာ ညစာ စားပွဲပြုလုပ်မည်ဖြစ်
ကြောင်း သိရသည်။
မင်္ဂလာ လက်မှတ်ရေးထိုးပွဲ၊ မင်္ဂလာဦး ဆွမ်းကျွေးပွဲများကို မူ ဖေဖော်ဝါရီလဆန်း တွင် ဦးစွာပြုလုပ်သွားမည် ဖြစ်သည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့သည် ချစ်သူများနေ့
ဖြစ်သောကြောင့် အမှတ်တရ ဖြစ်စေချင်သည့် အတွက် ဘိသိက် မင်္ဂလာပွဲနေ့ အဖြစ်
ရွေးချယ်ခြင်း ဖြစ်ကြောင်း ဝိုင်းစု ခိုင်သိန်း က ပြောသည်။
ခိုင်ဝေလွင်
No comments:
Post a Comment