Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2013

ဆုမြတ်နိုးဦးရဲ့ အကြောက်ဆုံးအရာ

ဆုမြတ်နိုးဦးရဲ့ အကြောက်ဆုံးအရာ မော်ဒယ် ပြိုင်ပွဲ အထိအတွေ့နဲ့ အနုပညာလော ကထဲ ခြေချလာတဲ့ ဆုမြတ်နိုးဦး က အနုပညာရှင် သရုပ် ဆောင်ကောင်း တစ်ယောက်ဖြစ် ချင်ကြောင်း ပြောပြ လာပါ တယ်။ မော်ဒယ်လောက မှာ ရပ်တည်နေ တုန်း ဆုမြတ်နိုးဦး ရဲ့ထူးခြားချက် ကိုမေးကြည့်တော့ “မြတ်နိုး ကံကောင်းတာ တစ်ခု ကတော့ ဘယ်လောက် စားစား ဝမလာ ဘူး။ မော်ဒယ် တစ်ယောက်က ခန္ဓာကိုယ် အရေးကြီးတယ် ဆိုတော့ မြတ်နိုးရဲ့ ထူးခြားချက် ဆို ပြောလို့ရ တာပေါ့။ အခု မြတ်နိုးက မော်ဒယ်ပဲ ဇောက်ချ မလုပ်ဘဲ၊ သရုပ်ဆောင် ဘက် လုပ်မှာ ဆိုတော့ နည်းနည်း ပြည့်ပြည့်လေး နဲ့ကြည့်လို့ ကောင်းအောင်တော့ နေရတယ်။ ပို စားရတာပေါ့” လို့ ပြောပြခဲ့ပါတယ်။
ဆုမြတ်နိုးဦးဘဝမှာ အကြောက်ဆုံး အရာ လို့ပြောရင် ရှိလားလို့ မေးကြည့် တော့ “မြတ်နိုး ဘဝ လုပ်ငန်းခွင် ဘဝမှာ အကြောက်ဆုံး အရာရှိတယ်။ အကုန်လုံးက တော့ အခက်အခဲ ရှိတာ ပဲ။ စိတ် သဘောထား ကောင်းကောင်းနဲ့ ဖြေရှင်းတတ်တဲ့ အကျင့်ရှိတယ်။ မြတ်နိုး အတွက် အဓိကကတော့ ကိုယ့်ကို ရိုက်တဲ့ ဒါရိုက်တာတွေ လုပ်ဖော် ကိုင်ဖက်တွေ ကို ငြိုငြင် သွားမှာ စိုးရိမ်တယ်။ ကိုယ်ပေါ့ပေါ့ တန်တန် လုပ်လို့ မရဘူး ဆိုတာ သိတယ်။
ဒါကြောင့်လည်း မြတ်နိုး ကြိုးစားပါတယ်။ စိတ်စေတနာ ကောင်းကောင်း ထားတယ်။ တိုင်ပင်သင့်တဲ့ လူကြီး တွေနဲ့လည်း အလုပ်အတွက် အမြဲ တိုင်ပင်တယ်” လို့ ပြောပြခဲ့ပါတယ်။ မြတ်နိုး ပထမဆုံး ပါဝင် သရုပ်ဆောင်တဲ့ ဇာတ်ကားလေး အကြောင်း ကို မေးကြည့်တော့ ဇာတ်ကား နာမည်က “ကား” အန်ကယ်လေး (လူမင်း) နဲ့ တွဲ ရိုက်တယ်။ အန်ကယ်လေး ဆီက ပညာတွေ ရတယ်။ သူလည်း သင်ပေးတယ်။
အန်ကယ်လေး က မြတ်နိုး ဆရာ အရင်း တစ် ယောက် ပါ။ သူ ကားရိုက်ဖို့ စခေါ်တုန်းက ဆို မြတ်နိုးတစ်ခါမှ မရိုက်ကူးရသေးတဲ့ သရုပ်ဆောင် အလုပ်ကို စလုပ်တာပါ။ အခက်အခဲ များစွာ ရှိပေမယ့်လည်း ဝါသနာက မြတ်နိုးကို အခက်အခဲတွေ ကို ကျော်ဖြတ်နိုင်ဖို့ ခွန်အား တစ်ခု ဖြစ်စေခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။ ဆုမြတ်နိုးဦး က စာမေးပွဲဖြေဖို့ အတွက် စာအသည်း အသန် ကျက်နေရပါတယ် လို့လည်း ပြောပြခဲ့ပါတယ်။

No comments:

Post a Comment