ရန်ကုန်၊ နိုဝင်ဘာ ၁၇
၁၇.၁၁.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် သာကေတမြို့နယ်၊
၁၀/တောင်(၁၄)ရပ်ကွက်၊ တမာလမ်းနေ မျိုးမင်းသိန်း (ဘ)ဦးမောင်သိန်းသည်
သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ် လမ်းမကြီးဘေး
မယ်ဇလီပင်ပေါ်သို့ မယ်ဇလီဖူးခူးရန်တက်ရောက်စဉ် သာကေတဓါတ်အားပေးစက်ရုံမှ
သီတာဓါတ်အားခွဲရုံသို့သွယ်တန်းထားသော 66 KV ဓါတ်အားကြိုးမှ ဓါတ်လိုက်ပြီး
မယ်ဇလီပင် ပေါ်တွင် ချိတ်တွယ်သေဆုံးနေသဖြင့်
သာကေတမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၃ ဖြင့်
ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အလားတူ ၁၂၀၀ အချိန်တွင်
လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)နေ အောင်သူထွန်း(ဘ)ဦးလှစိုးသည်
စက်မှုဇုံ(၂)၊ ဦးအောင်သူလမ်းနှင့်ဦးမိုးလမ်းထောင့်ရှိ မယ်ဇလီပင်ပေါ်သို့
မယ်ဇလီဖူးတက်ခူးစဉ် 11 KV ဓါတ်အားကြိုးကို ကိုင်ဆွဲမိကာ မယ်ဇလီပင်ပေါ်တွင်
ဓါတ်လိုက်သေဆုံးနေသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ်
၇၅/၂၀၁၃ဖြင့် ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 17, 2013
မယ်ဇလီဖူးတက်ခူးသူ လူငယ်(၂)ဦး ဓါတ်လိုက်သေဆုံး
မယ်ဇလီဖူးတက်ခူးသူ လူငယ်(၂)ဦး ဓါတ်လိုက်သေဆုံး
Reviewed by VC
on
November 17, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment