- 07 November 2013 |
- By ရိုးရာလေး
ဘောလုံးပြက္ခဒိန် တစ်နှစ်တာအတွင်း မက်ဆီ၏ ချန်ပီယံလိဂ် သွင်းဂိုးစံချိန်ကို
ကျော်ဖြတ်သွားနိုင်ခဲ့ကြောင်း သိရသည်။ မက်ဆီသည် (၂၀၁၂)ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် စုစုပေါင်းသွင်းဂိုး
(၁၃)ဂိုးရရှိခဲ့ပြီး ဘောလုံးပြက္ခဒိန် တစ်နှစ်တာအတွင်း ချန်ပီယံလိဂ်ဂိုး အများဆုံးသွင်းယူထားသည့် ကစားသမားအဖြစ် စံချိန်တင်ခဲ့သော်လည်း ရော်နယ်ဒိုမှာ (၂၀၁၃)ခုနှစ်အတွင်း ချန်ပီယံလိဂ် သွင်းဂိုး (၁၄)ဂိုးအထိ ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ စံချိန်ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရော်နယ်ဒိုမှာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များတွင် စုစုပေါင်းသွင်းဂိုး (၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ခရက်စပို၊ ဖိလစ်ပိုအင်ဇာဂီ၊ နစ္စတယ်ရွိုင်းတို့၏ ချန်ပီယံလိဂ် အုပ်စုအဆင့် သွင်းဂိုးပမာဏနှင့် တူညီသွားခဲ့ပြီဖြစ်သည်။ ရော်နယ်ဒိုမှာ ရီးရဲလ်အတွက် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄)ပွဲ ကစားရာတွင် (၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ခြင်းကြောင့် အဆိုပါစံချိန်ကို ထပ်မံချိုးဖျက်ရန် နီးစပ်လျက်ရှိသည်။ သို့သော် ရော်နယ်ဒိုမှာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင်မူ (၇၁)ဂိုး သွင်းယူထားသည့် ရာအူးလ်၊ (၆၃)ဂိုး သွင်းယူထားသည့် မက်ဆီတို့၏နောက် တတိယမြောက် ကစားသမားအဖြစ်သာ ရပ်တည်နေကြောင်း သိရသည်။
zaw zaw tun
No comments:
Post a Comment