Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 12, 2013

တောင်ကိုရီးယား အမျိုးသမီး တိုက်စစ်မှူး လိင်ကွဲပြားမှု စစ်ဆေးရန် ဖိအားပေးခံနေရ

ဆိုးလ်စီးတီး အသင်း၏ တိုက်စစ်မှူး ပါ့ခ်အွန်ဆွန်းကို ကလပ်အသင်း အမြောက်အမြားက အမျိုးသမီး အစစ်ဟုတ်မဟုတ် စစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုနေ

လိင်မကွဲပြားမှု သံသယများ၏ နောက်ဆက်တွဲ ဂယက် ရိုက်ခတ်လာမှုကို တောင်ကိုရီးယား အမျိုး သမီး ဘောလုံးအသင်းတစ်ခု ကြုံတွေ့နေရပြီ ဖြစ်သည်။ ဆိုးလ်စီးတီး အသင်း၏ တိုက်စစ်မှူး ပါ့ခ်အွန်ဆွန်း ကို ကလပ်အသင်း အမြောက်အမြားက အမျိုးသမီး အစစ်ဟုတ်မဟုတ် စစ်ဆေးမှု ပြု လုပ်ပေးရန် တောင်း ဆိုနေပြီး အကယ်၍ အားကစား ကောင်စီက မလိုက်လျောပါက အမျိုးသမီး အမှတ်ပေး ပြိုင်ပွဲများတွင် မပါဝင်ဘဲ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားကြသည်။ (၂၀၁၃) ဘောလုံးရာသီအတွင်း ပြိုင်ဘက် ခံစစ်သမား များကို အံ့မခမ်း ဘောလုံးစွမ်းရည်များဖြင့် လှည့်စားကာ (၂၂)ပွဲတွင် (၁၉)ဂိုး ရရှိခဲ့သော ပါ့ခ်သည် အမျိုးသား ဘဝမှ ခွဲစိတ်မှု ခံယူပြောင်းလဲထားသူဟု ပြိုင်ဘက် ကလပ်အသင်း နည်းပြများက သံသယ ဝင်နေကြသည်။

သတင်းများက အမျိုးသမီး အမှတ်ပေးပြိုင်ပွဲဝင် စုစုပေါင်း (၇)သင်းသာ ရှိသည့်အနက် (၆)သင်း၏ နည်းပြများက ပါ့ခ်ကို လိင်စစ်ဆေးမှု ပြုလုပ်ရန် ဖိအားပေး တောင်းဆိုနေကြောင်း ဖော်ပြခဲ့သည်။ ဆိုးလ် အားကစားကောင်စီကမူ မလိုအပ်ဘဲ ထပ်မံစီစစ်သွားရန် အစီအစဉ် မရှိဟု ပြောကြားထားသည်။ FIFA အသိအမှတ်ပြု နိုင်ငံတကာ ပြိုင်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ကစားမှု မပြုမချင်း ပါ့ခ်ကို လိင်ကွဲပြားစေရန် စစ်ဆေးမှု ပြုလုပ်စရာ မလိုဘဲ အတင်းအကျပ် ဖိအားပေးမှုသည် လူ့အခွင့်အရေးကို ကြီးမားစွာ ချိုးဖောက်မှုမျိုး ဖြစ်နိုင်ကြောင်း ကောင်စီက မှတ်ချက်ပေးထားသည်။

"ပါ့ခ်အနေနဲ့ ဒါမျိုးစွပ်စွဲခံရတာ ဒုတိယ အကြိမ်ပါ။ အတင်းအကျပ် စစ်ဆေးမှုတိုင်းဟာ လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်မှု ဖြစ်လာပါလိမ့်မယ်။ ပါ့ခ်ရဲ့ လိင်ကွဲပြားမှု ရှိမရှိမေးခွန်းဟာ နောက်တစ်ကြိမ် ထွက်ပေါ်မလာသင့်ပါဘူး။ ဆိုးလ် အားကစား ကောင်စီအနေနဲ့ အားကစားသမားတိုင်းရဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် အကာအကွယ်ပေး ရပ်တည်သွားမှာပါ"ဟု ကောင်စီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုသွားခဲ့သည်။ ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကလည်း ပါ့ခ်သည် အသက်(၁၅)နှစ် အရွယ်တွင် လိင်ကွဲပြားမှုအတွက် စစ်ဆေးမှု ခံယူပြီး အမျိုးသမီး အစစ်အဖြစ် အတည်ပြုပေးခဲ့သည်။ သူမသည် ယခုအခါ အသက်(၂၆)နှစ် ရှိနေပြီဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment