Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 8, 2013

လျှပ်စစ်မီးဈေးနှုန်း တိုးမြှင်နေခြင်းကိစ္စ လွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် ယနေ့တင်သွင်း

 နေပြည်တော်-နိုဝင်ဘာ၈

ယနေ့ကျင်းပနေသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး(၁၁) ရက်မြောက်နေ့တွင် ပြည်သူများ၏ လိုလားသောဆန္ဒကို ဖြည့်ဆည်းရန် လျှပ်စစ်မီး ဈေးနှုန်းတိုးမြှင်နေ့ခြင်း ကိစ္စကို အရေးကြီး အဆိုအဖြစ် ဦးအေးမောက်က တင်သွင်းကြောင်း သိရသည်။

ဈေးနှုန်းများကို ပြန်လည် စဉ်းစားပေးပါရန် အိမ်သုံးယူနစ်များမှာ ၁၀၀ မကဘဲ ၂၀၀ မှ ၃၀၀ အထိရှိတတ်သောကြောင့် ၃၀၀ အထက်သုံးစွဲသူများကို ဈေးနှုန်း၄၀ မှ ၅၀ အထိ သတ်မှတ်ရန် တင်ပြခဲ့ကြောင်းသိရသည်။
"ဒီနေ့ သောကြာနေ့ ဖြစ်လို့ကိုယ်စားလှယ်တွေက နေ့လည်ပိုင်း အိမ်ပြန်ချင်ကြပြီ။ ဒါပေမဲ့ လွှတ်တော်နာယက ကြီးက ပြောပါတယ် မီတာခ တွေ ဈေးမြှင့်လိုက်လို့ လူတွေဆန္ဒ ပြကြတယ် ။ ဆန္ဒပြတဲ့ သူတွေကို ခွင့်ပြုမိန့် မတင် လို့ ပုဒ်မ၁၈ နဲ့ဖမ်းတယ် ဒါကြောင့်ဒီကိစ္စတွေ ထပ်ပြီးမဖြစ်ပွားလာအောင်
လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် ရလိမ့်မယ်။ ဒါကြောင့် စောစောမပြန်ကြပဲ ကျမတို့ ဒီကိစ္စ ကို
အပြီးဆွေးနွေးကြပါမယ်။ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။

Popular Myanmar News Journal

No comments:

Post a Comment