Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 19, 2013

အမတ်များ ဒေသဖွံ့ ဖြိုးရေး ကျပ်သိန်း ၁ ထောင်စီ သုံးနိုင်ပြီ


လွှတ်တော်အမတ်တွေဟာ မြို့နယ် ၁ မြို့နယ်စီအတွက် ချထားပေးတဲ့ ဒေသ ဖွံ့ ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁ ထောင်စီကို စ ပြီး သုံးနိုင်ပြီလို့ အန်အယ်လ်ဒီပါတီက အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ လွှတ်တော် အစည်းအဝေးပွဲတွေအပြီး ကျပ် သိန်း ၁ ထောင်စီ သုံးစွဲရမယ့် လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ပေးလိုက်တဲ့အတွက် ခုလို စပြီး အသုံးပြုနိုင်တာလို့ သူက ပြောပါတယ်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ချထားပေးတဲ့ ၁ မြို့ နယ် ကျပ် သိန်း ၁ ထောင်ကို အဲဒီ မြို့နယ်က ပြည်သူ့လွှတ်တော်အမတ်၊ အမျိုးသားလွှတ်တော်အမတ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်အမတ် ၂ ယောက် စုစုပေါင်း ၄ ယောက် ညှိနှိုင်းတိုင်ပင်ပြီး စာကြည့်တိုက် တည်ထောင်တာ၊ စာသင်ကျောင်း ပြုပြင်တာနဲ့ လမ်းတံတား ပြုပြင်တာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။



လုပ်ငန်း ၁ ခုစီအတွက် ကျပ်ငွေ သိန်း ၅၀ ထက် မပိုအောင် သုံးစွဲရမှာ ဖြစ်ပြီး လာမယ့် ၂၀၁၄ မတ်လကုန်အထိ ဒီ ချပေးတဲ့ ငွေကျပ် သိန်း ၁ ထောင်ကို သုံးစွဲနိုင်ကြောင်း လုပ်ထုံးလုပ်နည်းထဲမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment