Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 1, 2013

အာဆင်နယ်ရဲ့ နိုဝင်ဘာတစ္ဆေ

(၈)နှစ်ဆက် ဖလားလက်မဲ့ ဖြစ်ခဲ့တဲ့ အာဆင်နယ်ဟာ အဖွင့်ပွဲစဉ်မှာ ဗီလာကို ရှုံးနိမ့်ခဲ့ပေမယ့် အဲဒီနောက်မှာ
ပရီးမီးယားလိဂ် ရှုံးပွဲမရှိခဲ့ဘဲ ဒီရာသီမှာ အနည်းဆုံး ဆုဖလားတစ်လုံး ရယူနိုင်တဲ့ ခြေစွမ်းမျိုးပြသနေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးကိုရှုံးပြီး ကက်ပီတယ်ဝမ်းဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရသလို ဒေါ့မွန်ကို အိမ်ကွင်းမှာရှုံးခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ အုပ်စုတက်ဖို့ မသေမချာဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်အတွက် စိုးရိမ်စရာရှိနေပြန်တာက နိုဝင်ဘာတစ္ဆေပါပဲ။
ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းခဲ့ပြီးတဲ့နောက် အာဆင်နယ်ဟာ နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းလေ့မရှိဘဲ ပျှမ်းမျှရမှတ်(၁.၅၅)သာ ရခဲ့တာတွေ့ရပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်ဟာ နိုဝင်ဘာကို လီဗာပူးနဲ့ စဖွင့်ရမှာဖြစ်ပြီး လီဗာပူးကလည်း ဆွာရက်ဇ်၊ စတာရစ်တို့ တိုက်စစ်အတွဲနဲ့ ခြေစွမ်းပြနေတဲ့အချိန်ဖြစ်လို့ အမြောက်တပ်တွေ အခက်တွေ့သွားနိုင်ပါတယ်။ ဒီပွဲပြီးရင် အာဆင်နယ်ဟာ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာဖြစ်ပြီး (၅)ရက်အကြာမှာ မန်ယူနဲ့ အဝေးကွင်းပွဲ နွှဲဖို့ရှိနေတာကြောင့် နိုဝင်ဘာဟာ ဆုဖလား အောင်မြင်မှုရဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်အတွက် အဟန့်အတားတစ်ရပ်ဖြစ်နေပါတယ်။

zaw zaw tun

No comments:

Post a Comment