ပန်းဘဲတန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ဆန်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့
ပြည်သူ့ လွှတ်တော် အစည်းအဝေးအတွင်း ရုတ်တရက်လဲကျပြီး
သေဆုံးသွားပါတယ်။
ဦးအောင်ဆန်းဟာ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီကဖြစ်ပြီး ၂၀၁၀
ရွေးကောက်ပွဲတုန်းက ပန်းဘဲတန်း မြို့ နယ်မဲဆန္ဒနယ်က
ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။
နေပြည်တော်ဘောလုံးကွင်းမှာ ဖြစ်ခဲ့တဲ့ ပရိသတ်ရဲ့
ရမ်းကားမှုမျိုးမဖြစ်အောင် လာမယ့် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲမှာ လုံခြုံရေးဆောင်ရွက်ထားရှိမှုနဲ့
ပတ်သက်ပြီး မေးခွန်းကို မေးရင်းနဲ့ အဖြေတွေကို
သက်ဆိုင်ရာ အားကစားဒုဝန်ကြီး ဦးသောင်းထိုက်က
လာရောက်ဖြေကြားအပြီးမှာ နှလုံးခုန်ရပ်ပြီး ထိုင်ခုံမှာ
အသက်ဆုံးသွားတာလို့ ဒီကနေ့ လွှတ်တော်တက်တဲ့
ဥတ္တရသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းသူက ပြောပါတယ်။
သူ့ရုပ်ကလာပ်ကို နေပြည်တော် ကုတင်တထောင်ဆေးရုံမှာ
ပို့ဆောင်ထားပြီး မိသားစုရဲ့ စီမံမှုအတိုင်း
လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
http://www.thitsamyae.com/2013/11/blog-post_2798.html
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 14, 2013
ပန်းဘဲတန်းလွှတ်တော်အမတ် ရုတ်တရက် သေဆုံး
ပန်းဘဲတန်းလွှတ်တော်အမတ် ရုတ်တရက် သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment