Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 1, 2013

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

Miss International Queen ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမှ လိင်ပြောင်းသူ သညာမောင် ကိုတွေ့ရစဉ်။ Photo - EPA

ပတ္တရား ၊ အောက်တိုဘာ ၃၁


နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်း သူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ ၂၀၀၄ခုနှစ်ကစခဲ့သော ယင်းကဲ့သို့ပြိုင် ပွဲမှာ ကိုးကြိမ် မြောက်ဖြစ်ကြောင်း စီစဉ်သူများ က ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲသို့ဝင်ရောက်လာ သည်။

''လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းကဆိုရင် ကျွန်မယှဉ်ပြိုင်ရဲ မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှိနေ ပြီဆိုတော့ ပြိုင်ပွဲဝင်ရတာ စိတ်ထဲ မှာ လွတ်လွတ်လပ်လပ်ရှိပါတယ်'' ဟု အသက်၂၈နှစ် အရွယ် ရှိ သ ညာမောင်က ပြောကြား ခဲ့သည်။

သူမသည် Ramkham haeng University တွင် ပညာ သင်ကြားနေသူဖြစ်သည်။ ''ဆုကြေးက ဘတ်သုံးသိန်း၊ ရတနာအစစ်တွေနဲ့ လုပ်ထား တဲ့သရဖူတစ်ခု၊ နောက်ပြီးတော့ ဘန်ကောက်မှာရှိတဲ့ ကျော်ကြား တဲ့ ပလတ်စတစ်ဆာဂျရီဆေးခန်း မှာ အခမဲ့ ခွဲစိတ်ကုသမှုခွင့်တို့ဖြစ် ပါတယ်''ဟု ပတ္တရားရှိသက်တမ်း အရင့်ဆုံး လိင်ပြောင်းသူ ကလပ်Tiffany's ၏ ယာယီမန်နေဂျာ နှင့် ပြိုင်ပွဲစီစဉ်သူအရီဆာဖန်သူ ဆက်က ပြောကြားခဲ့သည်။

Tiffany's ပြပွဲကို မစ္စအရီ ဆာ၏ဖခင်နှင့် စီးပွား ရေး ပါတနာတစ်ဦးက လွန်ခဲ့သည့်နှစ်၄၀ ကတည်းက စတင်ခဲ့သည်။ ရည် ရွယ်ချက်မှာ ပတ္တရားကမ်းခြေအ ပန်းဖြေစခန်းကို ဆန်းစစ်သည့် ဖျော်ဖြေမှုပုံစံဖြင့် ပံ့ပိုးရန်ဖြစ်ပြီး လိင်ပြောင်း သူများကို တရားဝင် အလုပ် အကိုင် အခွင့် အလမ်း ပေး ရန်လည်း ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment