Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 9, 2013

ကြေးဆင်းတုတော်မှ ဆံတော်များ ပွင့်ဟုဆိုကာ စိတ်ဝင်တစား ဖူးမြော်သူများပြား

ဘုရားဆင်းတုဦးခေါင်းတော်မှ ဆံတော် များပေါ်ထွက်နေပုံ(ပုံသေး)နှင့် ကြည့် ရှုဖူးမြော်နေကြသူများ(ပုံကြီး)ကို တွေ့ရစဉ်။ ဓာတ်ပုံ-ကိုတင်လှိုင်
မိတ္ထီလာ ၊ နိုဝင်ဘာ ၈ ။ ။ မိတ္ထီလာ မြို့ အမှတ်(၁) အထက်တန်း ကျောင်း ဓမ္မာရုံတွင် ပူဇော်ထားသည့် ဉာဏ်တော် ၂ပေခန့်ရှိကြေးဆင်း တုတော်မှ ဆံတော်များပွင့်နေ သဖြင့် လာရောက်ဖူးမြော်နေကြ သူများဖြင့် စည်ကားလျက်ရှိသည်။

နိုဝင်ဘာ ၇ ရက်တွင် လွန်ခဲ့ သော နှစ် ၂ဝခန့်က အမှတ်(၁) အထက်တန်းကျောင်းဓမ္မာရုံတွင်ပူဇော်ထားသော ဉာဏ်တော် ၂ပေခန့်ရှိ ကြေးဆင်းတုတော် အား သတ္တမတန်း မှ ကျောင်းသား မောင်စည်သူအောင်က ကြေး ဆင်းတုတော်ကို ပန်းကုန်း ပူဇော်ရာမှ ဆံတော်များပွင့်နေသည် ကိုဖူးမြော်ရသဖြင့် အတန်းပိုင် ဆရာမမှတစ်ဆင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာအား သတင်းပေးပို့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာနှင့် ဆရာ၊ ဆရာမများ သွားရောက်ကြည် ညိုရာ ဘူမိဖဿ မုဒြ ပုံစံကြေး ဆင်းတုတော်၏ ဦးခေါင်းတော် မှ ထူးဆန်းစွာဆံတော်များပွင့်နေ သည်ကို ဖူးတွေ့ကြရကြောင်း သိရသည်။

အမှတ်(၁) အထက်တန်း ကျောင်းဓမ္မာရုံတွင် ကိန်းဝပ်နေ သော ကြေးဆင်းတုတော်မှ ဆံ တော်များပွင့်နေသည့် သတင်း ကြောင့် သွားရောက်ဖူးမြော်ကြည် ညိုကြရာ အမှတ်(၁) အထက် တန်းကျောင်းတွင် ဘုရားဖူးများ အထူးစည်ကား လျက်ရှိသည်။

ကိုတင်လှိုင် - Yangon Media Group

No comments:

Post a Comment