Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 14, 2013

ဆေးလိပ်သောက်သူက မသောက်သည့် အမွှာထက် ပိုမိုအိုမင်း

Study of Twins Shows How Smoking Ages the Face

သုတေသီတွေက ပုံမှန်ဆေးလိပ် သောက်သူ တစ်ယောက် ရှိတဲ့ အမြွာစုံတွဲ ၇၀ ကို လေ့လာ ခဲ့ရာမှာ ဆေးလိပ်သောက် သူတွေ က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ပိုများတာကို တွေ့ရှိခဲ့ပါ တယ်။ ဆေးလိပ်သောက် တာကြောင့် ပါးစပ်တစ်ဝိုက်မှာ အရေပြား တွန့်မှုတွေ ပိုမိုဖြစ်ပေါ်ကာ မေးစေ့က အရေပြားလည်း တွဲကျတာကို တွေ့ရှိခဲ့ပါတယ်။ ဆေးလိပ်သောက်တဲ့ ရာဇဝင်ငါး နှစ်ခန့် ကွာခြားသူတွေ မှာတောင် အရွယ်အိုမင်းမှု သိသာတယ် လို့ ဆိုပါတယ်။ ဆေးလိပ်သောက် သူတွေရဲ့ အပေါ်မျက်ခွံတွဲကျ နေသလို အောက်မျက်ခွံ မှာလည်း မျက်အိတ်တွေ ပိုမိုဖြစ်ပေါ် တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဆေးလိပ်သောက် တာကြောင့် အရေပြားတွင်း အောက်ဆီ ဂျင်ရောက်ရှိမှု နည်းတဲ့အပြင် သွေးလှည့်ပတ်မှုလည်း လျော့ နည်းသွား တာကြောင့် အရေးကြောင်းတွေ ပိုမိုပေါ်ပေါက်လာ ကာ အရေပြား မကြည်လင်ကာ အရွယ်အိုမင်းတဲ့ အသွင် ပေါ် ပေါက်နိုင်ပါတယ်။ ဆေးလိပ်သောက် တာကြောင့် ကော်လာဂျင်နဲ့ အရေပြားကျုံ့ နိုင်အားတွေ ပျက်ဆီးသွားကာ အရေးကြောင်း ပေါ် တာတွေ၊ အရေပြားတွဲ ကျတာတွေ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ဆေးလိပ်ငွေ့ကြောင့် ပါးစပ် တစ်ဝိုက်မှာ အရေးကြောင်းပေါ်လာ ကာ ပါးစပ်နဲ့ ဆက်စပ်နေတဲ့ အရေပြားတွေ ထပ်မံတွဲ ကျလာပါ တယ်။
ဒါ့အပြင် ဆေးလိပ်သောက် တာကြောင့် အရေပြားတွင်း ဗီတာမင် C လည်း နည်းပါးလာကာ အရေပြား အရောင်မည်း ညစ်ညစ် အသွင်ဆောင်သွား ပါတယ်။ ပါးစပ်နဲ့ မျက်လုံးတစ်ဝိုက်မှာ ရှိတဲ့ အရေပြားတွေ အရေးကြောင်း ပေါ်တာဟာ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင် အားလျော့သွား တာကြောင့်ပါ။ မျက်နှာပေါ်မှ အရေပြား တစ်ခုတည်းဖြစ်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခု လုံးပေါ်မှ အရေပြားအားလုံး လည်း ဆေးလိပ်ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နိုင် ပါတယ်။
ဒေါက်တာခင်မိုးမိုး

No comments:

Post a Comment