ခင်ဆွေသက်
‘အကြီးကြီးဖွပစ်မယ်’ ဇာတ်ကားမှာ ခေါင်းဆောင်တစ်ဦးလဲဖြစ်သလို ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ညွန့်မြန်မာညီညီအောင်ကို သန်လျင်က ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက်မေးမြန်းဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ကားလေးက သရဲရေးတဲ့ဖူးစာတဲ့။ ဒီကားလေးက ဟာသကားလေးပါပဲ။ ပရိသတ်ကို ဟာသရသလေးတစ်ခု ပေးချင်တာပေါ့။ ကျန်တာကတော့ ဘာမှအထွေအထူးမရှိပါဘူးတဲ့။ လွတ်လပ်ပွင့်လင်းမြင်သာလာတဲ့ ခေတ်အနေအထားမှာ ဦးညီအောင်နေနဲ့ရိုက်ပြချင်တာက မြန်မာ့ရိုးရာ၊ မြန်မာ့ဓလေ့တွေ၊ လူနေမှုစရိုက်တွေ၊ ရေမြေသဘာဝ၊ တောတောင် အလှတွေနဲ့နိုင်ငံတကာကို ထွက်ပြချင်တဲ့ကားမျိုးတွေ ရိုက်ချင်ပါတယ်။ ထုတ်လုပ်သူရှိရင်ပေါ့လေ’ လို့ပြောပါတယ်။
အကြီးကြီးဖွပစ်မယ်ဇာတ်ကားနဲ့ပတ်သတ်ပြီး ရိုက်ဖြစ်တဲ့ရည်ရွယ်ချက်ကိုလည်း ‘ဒါကတော့ ကျွန်တော်သီးသန့်ဖန်တီးတာမဟုတ်ပါဘူး။ ၀တ္ထုကို အခြေခံပြီး မီဒီယာတွေနဲ့ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့အကြောင်းလေးကို Modifiedပြန်လုပ်တဲ့သဘောပါ။ ကျန်တာကတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ နောက်နောက်ပြောင်ပြောင်ပဲရိုက်ခဲ့တာပါ။’လို့ သူက ပြောပါတယ်။
ဦးညီအောင်အနေနဲ့ မီဒီယာလောကအပေါ် အမြင်ကိုလည်းကို ‘မီဒီယာဆိုတာလဲရှိသင့်ပါတယ်။ ဦးက အရင်တုန်းက အယ်ဒီတာလုပ်ခဲ့တာပါ။ ဖလင်အယ်ဒီတာပေါ့။ တည်းဖြတ်ခဲ့တာပေါ့။ မီဒီယာကို ကျွန်တော်ဝေဖန်တာမဟုတ်ပဲ အကြံပြုချင်တာကတော့ အရင်ခေတ်က အယ်ဒီတာလုပ်တုန်းကဆိုရင် ရုပ်ရှင်တစ်ကားမှာ ပေ၆၀၀၀၀လောက်ရိုက်တယ်။ ရုပ်ရှင်ရုံမှာပြရင် ပေ၁၂၀၀၀၊ ၁၄၀၀၀လောက်ပဲ ပြတာဆိုတော့ မလိုတဲ့ဟာတွေဖြတ်ပစ်ရတာ။ အယ်ဒီတာရဲ့တာဝန်က ကြည့်တဲ့ ပရိသတ်အကျိုးမရှိမဲ့ ဟာတွေဖြတ်ပစ်ရတာ။ စာနယ်ဇင်းဆိုတာကလဲ ကျွန်တော့အမြင်မှာ စော်ကားတာလဲမဟုတ်ဘူး။ ကိုယ်ရေးတဲ့စာက ရန်ဖြစ်သွားနိုင်လား။ အမုန်းပွားနိုင်လားဆိုတာကို စဉ်းစားရမယ်။ ရန်ဖြစ်မဲ့စာတွေဆိုရင် တည်းဖြတ်သင့်တယ်လို့ ဦးညီကတော့မြင်ပါတယ်။ ကိုယ်ရေးတဲ့စာက ဖတ်တဲ့သူအပေါ် စေတနာထားရင် ပြန်ပြီးအကျိုးပေးမှာပါ’ လို့ သူက ပြောပြပေးခဲ့ပါတယ်။
(အကြီးကြီးဖွပစ်မယ်ကို ဒီလင့်မှာကြည့်လို့ ရပါတယ်။http://www.venuscurves.com/2013/11/movie-ah-kyee-kyee-pwa-pyit-mal.html)
http://www.trend.com.mm/2013/11/27/news-818

No comments:
Post a Comment