DVB ကိုထွေး 13 November 2013
သမ္မတ ဦးသိန်းစိန်က လစာ ကျပ်သိန်း ၅၀ ထက်နည်းပြီး ရယူလိုတဲ့အကြောင်း ဒါကို လွှတ်တော်က သတ်မှတ်ပေးမယ်ဆိုရင်လည်း လက်ခံမယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များ ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ မှာ ချီးမြင့် ငွေ ကျပ်သိန်း ၅၀ ကို နိုင်ငံတော်သမ္မတက ခံစားခွင့်ရှိတယ်လို့ ဖော်ပြထားပေမယ့် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု အစိုးရအဖွဲ့သဘောတူညီချက်နဲ့
သမ္မတက ခုလို ၁၅ သိန်းပဲ လစာယူနေတာ လပေါင်း ၃၀ ကျော်လာပြီး ဥပဒေကို ပြင်ဆင်ဖို့ ကြုံလာတဲ့အချိန်မှာတော့ သမ္မတကြီးရဲ့ ၁၅ သိန်းသာ ခံစားမယ်ဆိုတဲ့သဘောတူညီချက်
အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဘဏ္ဍာရေး ၀န်ကြီး ဒုဝန်ကြီး ဦးမောင်မောင်သိန်းကို ဒီကိစ္စ ဆွေးနွေးဖို့ ပြောဆိုရာမှာ ဦးမောင်မောင်သိန်းက သမ္မတအနေအထားကို ပုဂ္ဂိလ်တဦးအနေဖြင့် မမြင်ဘဲ အဖွဲ့အစည်း တခုအနေနဲ့ မြင်သင့်ကြောင်း၊ သာမန်အားဖြင့် ပုဂ္ဂလိက ကုမ္ပဏီ အထွေထွေမန်နေဂျာ တဦး လစာနဲ့ ညီနေပါက အဂါရ၀တရား ဖြစ်သွားနိုင်တဲ့အတွက် သိန်း ၃၀၊ ၄၀ သတ်မှတ်သင့်တယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတွက် လွှတ်တော်နားနေစဉ်အချိန် သမ္မတကြီးရဲ့ သဘောထားကို မေးမြန်းရာမှာ သမ္မတက လွှတ်တော် သတ်မှတ်ချက် သိန်း ၅၀ ကို မခံစားလိုတဲ့အကြောင်း၊ လွှတ်တော်က သတ်မှတ်ပေးထားတဲ့ နှုန်းကိုသာ ရရှိခံစားလိုတဲ့အကြောင်း ပြန်တင်ပြခဲ့တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြ
နောက်ဆုံးတော့ ဘဏ္ဍာရေး ၀န်ကြီးဌာနက အဆိုပြုချက်တင်သွင်းပြီးမှာ
No comments:
Post a Comment