Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 4, 2013

ဆင်ထိန်းဦးသိန်းစိန်သေဆုံးမှုနဲ့ ဝေဒဆရာတို့အမြင်

ရန်ကုန်မှာ မွေးထားတဲ့ ဆင်ဖြူတော်တွေထဲတစီးရဲ့ တိုက်ခိုက်ချက်ကြောင့်  နေကြတ်ဖို့ တရက်အလို၊ သီတင်းကျွတ်လကွယ်နေ့မှာ ဆင်ဦးစီးတယောက် သေဆုံးသွားပါတယ်။ ဒီအကြောင်းကို ဒီဘလော့http://blog.irrawaddy.org/2013/11/blog-post_3.html မှာ ဖော်ပြခဲ့ပြီးပါပြီ။  
ဆင်ဦးစီးအမည်က သမ္မတအမည်နဲ့ သွားတူနေတဲ့အတွက် ဒီသတင်းက  အများစိတ်ဝင်စားတဲ့သတင်း ဖြစ်နေပါတယ်။ ဗေဒင်၊ နက္ခပညာရှင်တို့ကလည်း ဒီအကြောင်း စိတ်ဝင်စားကြပုံရပါတယ်။ သူတို့ရဲ့ ပြောဆိုချက် ခန့်မှန်းချက်တွေကို ဒီနေ့ထုတ် သတင်းစာတချို့မှာ တွေ့ရပါတယ်။

"ဆင်ဖြူတော်တွေက သစ္စာ ရှိကြတယ်။ ဒီလို ဆင်ဖြူတော်က လူသတ်တယ် ဆိုတော့ ကောင်းတဲ့ နိမိတ်တော့ မဟုတ်ဘူး" လို့ ဒေါက်တာဦးကံမင်းက 7Day သတင်းစာကို ပြောပါတယ်။ 
သမ္မတဦးသိန်းစိန်အတွက်တော့ ယတြာကျေသွားတာပဲ လို့ သူက ဆက်ပြောပါတယ်။

အဲဒီသတင်းစာမှာပဲ  
ဆရာမင်းသိမ်းခိုင် သုံးသပ်ထားတာက ဒီလိုပါ..."ဦးသိန်းစိန်အတွက် အန္တရာယ်ကင်းတဲ့ နိမိတ်ပါပဲ။ သမ္မတ ကြုံရမယ့် အခိုက်ကို ဆင်ဦးစီး ခံပေးလိုက်တဲ့ သဘော ယူဆလို့ ရပါတယ်"ရန်ကုန်တိုမ်း သတင်းစာမှာလည်း ဦးဇေယျာကိုရဲ့ အဆိုကို အခုလို တွေ့ရမှာပါ...
"
သမ္မတကြီးအနေနဲ့ ကံညံ့တွေ ကြုံနေတဲ့ အချိန်မှာ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တဲ့အတွက် နိုင်ငံတော်သမ္မတ နေရ
ာမှာ အခြား ကံနိမ့်တဲ့ နာမည်တူ ဆင်ဦးစီးက အခုလိုမျိုး ဖြစ်သွားတယ်လို့ သုံးသပ်နိုင်ပါတယ်"

ကဲ... ပညာရှင်များကတော့ အဲဒီလို သုံးသပ်နေကြပါပြီ။ ဧရာဝတီဘလော့ ပရိသတ်များကရော ဒီဖြစ်ရပ်ကို ဘယ်လို မြင်ကြပါသလဲ။ ဗေဒပညာရှင်များလိုပဲ မြင်ကြပါသလား။ အမြင်တွေကို ဒီဘလော့မှာ မှတ်ချက် ပေးသွားနိုင်ကြသလို ဖေ့စ်ဘုတ်မှာလည်း ရေးသွားနိုင်ပါတယ်။

မကြာသေးခင်ကပဲ ထိုင်းနိုင်ငံက မြန်မာ့ဆင်ဖြူကို  ငှားရမ်းလိုကြောင်း လေသံ ပစ်ခဲ့ဖူးကြောင်းhttp://blog.irrawaddy.org/2013/06/blog-post_594.html မှာ ဖတ်နိုင်ပါတယ်။ မြန်မာဘက်က အပြတ် ငြင်းလိုက်ပုံပါပဲ။ လက်ခံပြီး ခဏ ပို့လိုက်မိရင် ထိုင်းဘက်မှာ ဒီလိုအမှုမျိုးဖြစ်လာနိုင်ပါသေးတယ်။ 

ဆင်တွေရဲ့ အရေခွံအရောင်ကြောင့် လူတွေရဲ့ အာရုံကလည်း အမျိုးမျိုး အပြောင်းအလဲ ရှိနေပါတယ်။ ဆင်တွေကိုယ်တိုင်လည်း ဒါဟာ ကံဆိုးတယ်လို့ ဆိုနိုင်ပါတယ်။ သာမန်အရေခွံသာ ပိုင်ဆိုင်မယ် ဆိုရင် သူ့ဇာတိမှာပဲ လွတ်လွတ်လပ်လပ် ဆက်နေနိုင်မယ်လို့ ဆိုရပါမယ် (သစ်ပင်ခုတ်တာ များသွားလို့ သူတို့ဘုံပျောက်ခြင်းကတော့ တပိုင်းပေါ့လေ)။
သာမန်အရေခွံမဟုတ်၊ အဖြူကြိုက်သူများကြား အရေခွံဖြူဖွေးလုနီးပါး ဖြစ်နေတဲ့အတွက်  သံကြိုးခတ်ခံရပြီး ရုံသွင်းပြခံရတဲ့ ဘ၀ ရောက်နေတာကတော့ ကံဆိုးတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ 


(အပေါ်ပုံကတော့ ဆင်ဖြူတော်တစီးကို ယခင် အစိုးရ ခေါင်းဆောင် သွားရောက် တွေ့ဆုံနေပုံ ဖြစ်ပါတယ်။)


ဆင်ဖြူတော်တွေကို ရောင်းတော့မှာလား  

http://blog.irrawaddy.org/2012/08/blog-post_1019.html

Loaner White Elephant to Thailand a No-Go: President’s Office 
http://www.irrawaddy.org/burma/loaner-white-elephant-to-thailand-a-no-go-presidents-office.html

မြန်မာ့ ဆင်ဖြူ ထိုင်းကို မငှားနိုင်  
burma.irrawaddy.org/%E1%81%80_asean/2013/06/19/42473.html

 ဆင်ဖြူတော်အစွယ်နဲ့ထိုးလို့ ဆင်ထိန်း ဦးသိန်းစိန် သေဆုံး  
http://blog.irrawaddy.org/2013/11/blog-post_3.html




No comments:

Post a Comment