- 25 November 2013 |
- By Good Health
- ခြေဆီ အထွက်များ တာကြောင့် အနံ့ ဆိုးထွက်နေရင် ရှူးဖိနပ်ကို ဆပ်ပြာနဲ့ သေချာဆေးကြော သန့်စင်ပြီး ခြောက် သွေ့အောင် ထားဖို့ အရေးကြီး ပါတယ်။ အဲဒီလိုမလုပ်ရင် ရှူးဖိနပ်ထဲမှာ ဘက်တီး ရီးယား ဒါမှမဟုတ် ဖန်းဂပ်စ်မှိုပေါက် ဖွားပြီး ခြေသည်းဝဲစွဲတာကို ဖြစ်စေနိုင် ပါတယ်။
- အနံ့ဆိုးထွက်နေတဲ့ ရှူးဖိနပ်ကို နေ ပူထဲမှာ လှန်းထားပေးပါ။ နေရောင်ခြည် နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် ဘက်တီး ရီးယားပိုးတွေကို သေစေနိုင်ပြီး အနံ့ဆိုး ကိုလည်း ပပျောက်စေပါတယ်။
- အနံ့ဆိုးထွက်နေတဲ့ ရှူးဖိနပ်ကို ဆော် ဒါမှုန့်နဲ့ အနံ့ကင်းအောင် လုပ်နိုင်ပါတယ်။ ဆော်ဒါမှုန့် (Sodium Bicarbonate) ကို ရှူးဖိနပ်ရဲ့ အတွင်းသားထဲ ဖြူးလိုက် ပါ။ ပြီးရင် တစ်ညလောက် ထားပြီး နောက်တစ်နေ့ မစီးခင်မှာ ဆော်ဒါမှုန့် တွေကို ခါချလိုက်ပါ။
- ရှူးဖိနပ်ကို ဖျန်းနိုင်တဲ့ အနံ့အသက် ပျောက်ဆေးတွေ ရှိပါတယ်။ ရှူးဖိနပ်ကို ချွတ်ပြီး အနံ့အသက်ပျောက်ဆေးဖျန်း ကာ တစ်ညထားလိုက်ပါ။
- အနံ့ထွက်နေတဲ့ ဖိနပ်ကို အနံ့ပျောက် သွားအောင် အယ်လ်ကိုဟော သုတ်ပေး ရမှာ ဖြစ်ပါတယ်။ အယ်လ်ကိုဟောက အနံ့ဆိုးတွေကို စုပ်ယူသွားနိုင်ပါတယ်။
- ခြေထောက်အနံ့ဆိုးမထွက်အောင် လုပ်သင့်တဲ့ နောက်တစ်နည်းက ခြေ အိတ်ကို နေ့စဉ်မှန်မှန်လဲပါ။ ခြေအိတ် အနံ့အသက် မကောင်းရင်လည်း ရှူးဖိ နပ်ကို အနံ့ဆိုးကပ်ငြိစေပါတယ်။
- ချွေးထွက်များတာကြောင့် ရှူးဖိနပ် အနံ့ဆိုးထွက်နေရင် ပေါင်ဒါမှုန့်ဖြူးပေး နိုင်ပါတယ်။
- လူအများစုအတွက် တင်းကျပ်တဲ့ သားရေရှူးဖိနပ်တွေက ချွေးအလွန်အ မင်းထွက်စေနိုင်ပါတယ်။ ဒါကြောင့် လေ ဝင်လေထွက်ကောင်းတဲ့ ရှူးဖိနပ်ကို ရွေး ချယစ်ီး သငပ့်ါတယ။
ကြယ်စင်
No comments:
Post a Comment