Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 2, 2013

တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တုတ်ဖြင့်ရိုက်သူအား အရေးယူ


၁-၁၁-၂၀၁၃ ရက်နေ့ ၁၇၀၅ အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ဆုံရပ်ကွက်၊ နတ်မောက် လမ်း၊ တော် ၀င်ရုပ်ရှင်ရုံရှေ့တွင် အမှတ်(၄)ယာဉ်ထိန်းဒုတိယရဲတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)မှ တပ်ဖွဲ့ဝင်များသည် ယာဉ်စည်း ကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ဆောင်ရွက်နေစဉ် နတ်မောက်လမ်း၊ “ဒွိုက်ယော့ခ်” ကွမ်းယာ ဆိုင်ရှေ့တွင် တာဝန်ကျသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်မြင့်သည် လူငယ်(၂)ဦးမှာ ဆိုင်ကယ်စီးဦး ထုပ်မဆောင်းဘဲ ဧရာဝတီတံတားအ၀ိုင်းဘက်မှနတ်မောက်လမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင် လာသဖြင့် ယာဉ်စစ်ဆေးရန်တားဆီးခဲ့ရာ ဆိုင်ကယ်အားရပ်တန့်ပေးခြင်းမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ ထိုသို့ထွက်ပြေးသွားပြီး (၅)မိနစ်ခန့်အကြာ လူငယ်(၂)ဦးအနက်(၁)ဦးမှာ ဆိုင်ကယ်ဖြင့်ပြန်လှည့်လာကာ အရှည်(၃)တောင်ခန့်ရှိ ၀ါးဆစ်ပိတ်တုတ်(၁)ချောင်းအားကိုင်ဆောင်ကာ ရဲတပ်ကြပ်ကြီး အောင်ကျော်မြင့်အား နောက်မှဝင်ရိုက်သဖြင့် ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာရရှိကာ လဲကျခဲ့သဖြင့် မကွေးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။ စစ်ဆေးချက်အရ ရဲတပ်ကြပ်ကြီး   အောင်ကျော်မြင့် အား ရိုက်နှက်သူမှာ မကွေးမြို့၊ ချမ်းမြေ့သာယာ(က)ရပ်ကွက်နေ ဖိုးအောင်(ခ) အောင်ဖြိုးဝေဦး(၂၁)နှစ် ဖြစ်ကြောင်းသိရသဖြင့် မကွေးမြို့မရဲစခန်း (ပ)၂၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment