နေပြည်တော် နိုဝင်ဘာ ၂၂
တပ်မတော် (ရေ)မှ စစ်ရေယာဉ်သည် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့်က
ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ
ထမ်းဆောင်နေစဉ်မေယုကျွန်းအနီး မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြ
ခေါ်ယူသော်လည်း လာရောက်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသဖြင့်
ထက်ကြပ်လိုက်လံ ဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင်အဆိုပါ ကုန်လှေအား
တရားခံမဲ့ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော ကုန်လှေအား တပ်မတော် (ရေ)မှ ရှာဖွေရှင်းလင်းရာ အမ်-၁၆
မောင်းပြန်ရိုင်ဖယ် တစ်လက်နှင့် ၎င်းကျည် ၁၁၅ တောင့်၊ လေဖိအားသုံး
ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်အိမ် တစ်ခုတို့အား သိမ်းဆည်း ရမိသည်။
လှေပေါ်တွင် လိုက်ပါလာသူများသည် တပ်မတော် (ရေ)မှ လိုက်လံဖမ်းဆီးစဉ်
အမှောင်ထု အတွင်းလှေ ပေါ်မှ ခုန်ချ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သတင်း
ရရှိသည်။
No comments:
Post a Comment