Monday, November 11, 2013
မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ လာအိုနိုင်ငံသား ၂၄ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်းကယ်တင်နိုင်ခဲ့ပါတ
လွတ်မြောက်လာပြီး နောက်တစ်ရက်မှာပဲ မြန်မာနဲ့ လာအိုသံရုံးက တာဝန်ရှိသူတွေ သွားရောက်အားပေးစကားပြောကြာ
“တာဝန်ရှိတဲ့အရာရှိကို ကျနော်တို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနဲ့ အခုအချိန်မှာ ဆက်ဆံရေးလည်း အရမ်းကောင်းတယ၊် အဲဒါလေးကို ထောက်ရှုပြီးတော့မှ မဖမ်းဖို့၊ အရေးမယူဖို့။ ပြီးတော့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့၊ သံအမတ်ကြီး မှာကြားတဲ့အတိုင်း ကျနော်သူတို့ကို မေတ္တာရပ်ခံခဲ့ပါတယ်။ လိုအပ်လို့ရှိရင်တော့ သူတို့ပြန်ဖို့ သံရုံးအနေနဲ့တော့ ကျနော်တို့ ကူညီဆောင်ရွက်ပေးမှာပါ”
အဲဒီအလုပ်သမားတွေဟာ လုပ်ငန်းခွင်က ထွက်မပြေးနိုင်အောင် ၈ ပေခန့်မြင့်တဲ့ အုတ်တံတိုင်းအပေါ်မှာ လျှပ်စစ်ဓါတ်လွှတ်ထားတဲ့ ဝါယာကြိုးတွေ တပ်ဆင်ထားပြီး ပိတ်လှောင်စေခိုင်းခံနေရတာ အစောဆုံး ၁၅ ရက်ကနေ ၃ နှစ်ခန့်အထိ ရှိသူတွေဖြစ်တယ်လို့ ကယ်ဆယ်သူတွေက ပြောပါတယ်။
ရရှိတဲ့သတင်းအချက်အလက် အထောက်အထားတွေအရ AHTD အဖွဲ့နဲ့ လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက် သူဌေးလုပ်သူက လက်နက်ကိုင်ဆောင်ထားတယ်လို့
“ကျနော်တို့ခြံရှေ့ကို ကားရပ်တာနဲ့ တပြိုင်တည်း သူဌေးကပြေးပြေးဆိုတဲ့အတွက် အလုပ်သမားတွေဟာ အကုန်လုံးအခန်းတွေထဲကို ဝင်ပြီးတော့ ပုန်းနေကြတယ်၊ ကျနော်က ဗမာသံနဲ့အော်တယ်၊ လာကယ်တာ၊ နင်တို့တွေ မပြေးကြနဲ့ ထွက်ကြဆိုတော့ ဗမာတွေထွက်လာကြတယ်၊ လာအိုတွေလည်း ထွက်လာကြတယ်၊ ထူးခြားတာတစ်ခုက အဲဒီအလုပ်ရုံမှာ လျှပ်စစ်ကြိုး နှစ်ချောင်းလွှတ်ထားတယ်၊ အလုပ်သမားတွေ ထွက်ပြေးရင် ဓါတ်လိုက်လို့ သေအောင်ဆိုပြီးတော့၊ အဲဒါတွေကို AHTDနဲ့ အဲဒီ channel 7 ကသတင်းထောက်တွေက သေသေချာချာလျှပ်စစ်မီး tester နဲ့စမ်းတော့ မီးတကယ်လင်းတယ်၊ တကယ်ပဲ လျှပ်စစ်လွှတ်ထားတာကိုတွေ့ရတ
ဖမ်းဆီးခံရတဲ့ ပွဲစားတွေကတော့ ဘုရားသုံးဆူဒေသသားတွေဖြစ်တဲ
“သမီးလမ်းမှာပေါ့နော်၊ စလာတုန်းကတော့ ကြပ်ကြပ်သပ်သပ်နဲ့ လာခဲ့ရတယ်။ ဒုက္ခရောက်ခဲ့ရတယ်။ သေလုမတတ်ပဲ။ လူထပ်ထပ်ပြီးတော့ပေါ့နော်၊ ဒီလည်းရောက်ရော အလုပ်ကဗူးခွံကောက်ရတဲ့ အလုပ်ဖြစ်နေတယ်၊ သမီးတို့ကိုခေါ်တော့ ရေသန့်စက်ရုံလို့ ပြောခေါ်တယ်။ အလုပ်ကတော့ လူကိုအရမ်းခိုင်းတယ်။ အမြန်လုပ်ပေးပေါ့နော်။ မခိုမကပ်လုပ်ပေးတယ်။ ဒါပေမယ့် အဲဒီသူဌေးသမီးကို အကောင်းမပြောဘူး။ ဟိုဘေးမှာလည်း လျှပ်စစ်တွေလွှတ်ထားတယ်။ ပြီးတော့ သမီးတို့ကို အပြင်ပေးမထွက်ဘူး၊ ကန်ဇွန်းရွက်စားချင်တယ်ဆိုတ
အလုပ်သမားတွေကို ပွဲစားတွေက တစ်ဦးကိုဘတ်ငွေ ၁၂၀၀၀ နဲ့ ရောင်းစားခဲ့ကြတာဖြစ်ပြီး၊ သူဌေးလုပ်သူက အလုပ်သမားတစ်ဦးကို တစ်လ ဘတ်ငွေ ၅၅၀၀ နဲ့ အလုပ်သမတစ်ဦးကို ဘတ်ငွေ ၅၀၀၀ လစာပေးတယ်လို့ သိရပါတယ်၊ ဒါပေမဲ့ အဲဒီအထဲကနေ တစ်လကို အခန်းခ ၆၀၀၊ ရေခမီးခ ၃၀၀ နဲ့ ရဲကြေး ၃၀၀ စုစုပေါင်း ၁၂၀၀ ပြန်ဖြတ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံထဲမှာ အဲဒီအလုပ်သမားတွေဟာ ၈ ပေ ပတ်လည်ခန့်ရှိတဲ့ အခန်းငယ်လေးတွေမှာ တစ်ခန်းကိုလူ ၄ ဦးစီ နေထိုင်နေခဲ့ကြရပြီး၊ တချို့အခန်းတွေမှာဆို လင်မယားစုံတွဲ ၂ တွဲစီ နေထိုင်ကြရတယ်လို့ သိရပါတယ်၊ အစားအသောက်ကိုတော့ သူဌေးလုပ်သူရောင်းတဲ့ဆိုင်က
လက်ရှိမှာ အလုပ်သမား ၆ ဦးကို ယာယီကယ်ဆယ်ရေးစခန်းမှာထားရှ
RFA
No comments:
Post a Comment