ရန်ကုန် နိုဝင်ဘာ ၁၂။
လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့်ဖြစ်စဉ်
လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင်ဖြစ်လာရန်
ရှိနေကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ
သင်တန်းကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောသည်။
“ပုံမှန်အားဖြစ်ကတော့
လ နဲ ALDEBERAN နက္ခတ်ကြယ်ဟာ တစ်လတစ်ခါတော့ ပူးယှဉ်လေ့ရှိတယ်။
အခုနိုဝင်ဘာလမှာကျတော့ လ နဲ့  ALDEBERAN နက္ခတ်ကြယ်ဟာ
အနီးဆုံးမှာပူးမှာဖြစ်တဲ့အတွက်ကြောင့် ထူးခြားဖြစ်စဉ်လို့ သတ်မှတ်လို့ ရတယ်
”ဟု ဦးဇေယျာကိုက ပြောကြားသည်။
ALDEBERAN အမည်ရှိ နက္ခတ်ကြယ်မှ လ အားထွင်းဖောက်သည့်
ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံနှင့် အိန္ဒယ ၊ ထိုင်း၊ လော၊ အစရှိသည့်
နိုင်ငံများတွင်
နိုင်ငံခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များအား လက်အောက်ငယ် သားများက
အာခံနိုင်ဖွယ်ရှိနေကြောင်း ဦးဇေယျာကိုက ထပ်လောင်းပြောဆိုသည်။
“တစ်နည်းအားဖြင့်ကတော့
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ အတွက်
ထူးခြားမှုဖြစ်ပေါ်လာနိုင်တယ်။”ဟု ဦးဇေယျာကိုက ပြောကြားသည်။
ALDEBERAN
အမည်ရှိ နက္ခတ်ကြယ်မှ လ အားထွင်းဖောက်သည့်ဖြစ်စဉ်အား လေ့လာလိုပါက နိုဝင်ဘာလ
၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြန်မာမိုးကောင်းကင်
ဦးခေါင်းထိပ်တည့်တည့်တွင် အလင်းရောင်အား ကောင်းသည့် နက္ခတ်ကြယ်အား လ
နှင့်အနီးဆုံးတွင် တွေ့ရှိရမည်ဖြစ်ကြောင်း သိရသည်။
ALDEBERAN
နက္ခတ်ကြယ်အား အာရပ်များက နောက်လိုက်ကြယ်ဟု ခေါ်ဆိုသမုတ်ကြပြီး ALDEBERAN
နက္ခတ်ကြယ်သည် မြန်မာများ၏ ၁၂ ရာသီ ဂြိုလ်ဂွင်အရ ပြိတ္တရာသီ ကြယ်စုထဲတွင်
အဆိုပါ နက္ခတ်ကြယ်သည် ရှိကြောင်းသိရှိရသည်။
မြန်မာ့ခေတ်
နှင်းနွယ်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 11, 2013
လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့် ဖြစ်စဉ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည်
လ အားနက္ခတ်ကြယ်မှ ထွင်းဖောက်သည့် ဖြစ်စဉ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 11, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment