Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 6, 2013

ဘင်္ဂါလီ ၇၀ လှေနစ် သေဆုံးမှု ရခိုင်ပြည်နယ် အစိုးရ အတည်မပြု

ဘင်္ဂါလီ ၇၀ လှေနစ် သေဆုံးမှု ရခိုင်ပြည်နယ် အစိုးရ အတည်မပြုရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလ ၃ရက်နေ့က ဘင်္ဂါလီ ၇၀ ဦး တင်ဆောင် လာသည့် လှေနစ်မြုပ်၍ ၎င်းတို့ သေဆုံးခဲ့သည် ဆိုသည့် သတင်းကို ရခိုင်ပြည်နယ် အစိုးရက အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။
ဘင်္ဂါလီများ နေထိုင်သည့် စစ်တွေမြို့ အုန်းတော ဒုက္ခသည်စခန်းနှင့် ဆေးသမားကြီး ဒုက္ခသည် စခန်းတို့ကို သွားရောက် စုံစမ်းခဲ့ကြောင်း၊ မောင်တောဒေသ တွင်လည်း စုံစမ်းခဲ့ရာ ဘင်္ဂါလီများ စက်လှေဖြင့် ထွက်သွားခြင်း မရှိကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းက ပြန်လည် ပြောဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက လှေစီး၍ ထွက်ခွာသွားသည့် မွတ်ဆလင် ၇၀ နီးပါး နိုဝင်ဘာလ ၃ ရက်နေ့က လှေနစ်မြုပ် သေဆုံးခဲ့သဖြင့် အလွန် ဝမ်းနည်းကြောင်း အမေရိကန်သံရုံးက နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ရခိုင်ပြည်နယ်တွင် ရှိသည့် ဒုက္ခရောက်နေသူများ လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များ အတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရခိုင်ပြည်နယ်တွင် ဒုက္ခရောက်နေသူ များကို လူသားချင်း စာနာသည့် အကူအညီများ ပေးရေး၊ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် အစိုးရနှင့် အဖွဲ့အစည်း အားလုံး ပူးပေါင်း ပါဝင်ကာ ဖြေရှင်းပေးရန် လိုအပ်ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်က ထွက်ခွာလာသည့် လှေတစ်စီး နစ်မြုပ်မှုကြောင့် မွတ်ဆလင် ၇၀ ခန့် သေဆုံးသည်ဟု နိုင်ငံခြားသတင်း မီဒီယာ အချို့တွင် နိုဝင်ဘာလ ၃ ရက်နေ့က ဖော်ပြခဲ့ကြသည်။

No comments:

Post a Comment