Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 5, 2013

မဟတ္တမ ဂန္ဒီ အကျဉ်းစံ ဘ၀မှာ အသုံးပြုခဲ့တဲ့ ချည်ငင်စက်ကို ဗြိတိန်နိုင်ငံမှာ လေလံတင် ရောင်းချမည်


အိန္ဒိယ အမျိုးသားရေး ခေါင်းဆောင် မဟတ္တမ ဂန္ဒီ အကျဉ်းစံ ဘ၀မှာ အသုံးပြုခဲ့တဲ့ ချည်ငင်စက်ကို ဗြိတိန်နိုင်ငံမှာ လေလံတင် ရောင်းချဖို. ရှိတယ်လို. သိရပါတယ်။

ဒီချည်ငင်စက်ကို Pune's Yerwada အကျဉ်းထောင်မှာ အကျဉ်းကျနေစဉ်အတွင်း နေ.စဉ် အသုံးပြုခဲ့ပြီး ဒီချည်ငင်တဲ့ အလုပ်ကို ဂန္ဒီက အသက်ရှည် ကျန်းမာဖို. နေ.စဉ် တရားထိုင်သလိုမျိုး သဘောထား လုပ်ဆောင်ခဲ့တာလို. မကြာခဏ ပြောဖူးပါတယ်။ 

အမေရိကန် မက်သဒစ် သာသနာပြု Reverend Dr Floyd A Puffer က ဒီချည်ငင်စက်ကို ဂန္ဒီဆီက ၁၉၃၅ မှာ လက်ဆောင်အဖြစ် ရရှိခဲ့တယ်လို. သိရပါတယ်။ 

ဒီချည်ငင်စက်ရဲ. လေလံ ကြမ်းခင်းဈေး ကတော့ ဒေါ်လာ တစ်သိန်း ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လေလံတင်ခဲ့တဲ့ ဂန္ဒီရဲ. စာတစ်စောင်ဟာ ဒေါ်လာ တစ်သိန်း ရှစ်သောင်းကျော် ရရှိခဲ့ပြီး မေလအတွင်းက လေလံပွဲမှာတော့ သူ.ရဲ. ညှပ်ဖိနပ်၊ လည်စည်းပုဝါနဲ. တခြား အသုံးအဆောင်တွေဟာ စုစုပေါင်း ဒေါ်လာ လေးသိန်းကျော် ရရှိခဲ့ဖူးပါတယ်။

BBC

No comments:

Post a Comment