Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 18, 2013

ပြည်ပကိုပညာသင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ ပြင်ဆင်ပါ

  Written by ဟေမာန်ညီညီ 
နိုင်ငံခြားမှာ ပညာသင်ဖို့ဆုံးဖြတ်လိုက်တာနဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုအတွက် ပြင်ဆင်တယ်။ ကိုယ့် အားကိုယ်ကိုးနိုင်အောင် လေ့ကျင့်တယ်လို့ ယူကေမှာရှိတဲ့ Huddersfield တက္ကသိုလ်မှာနိုင်ငံတကာ စီးပွားရေးစီမံခန့်ခွဲမှု မာစတာဘွဲ့ရယူဖို့ ကျောင်းတက်နေတဲ့ မနွယ်နီအောင်မြင့်က ကျောင်းသွားမ တက်ခင်ပြင်ဆင်ပုံကို ပြောပြတယ်။ ကျောင်းတက်ရင်းကြုံရတဲ့ အခက်အခဲတွေ၊ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ရီဂျင့်ပညာရေးကုမ္ပဏီရဲ့ ပံ့ပိုးမှုနဲ့မေးမြန်းပါတယ်။ အချို့ကိုကောက် နုတ်ဖော်ပြပါတယ်။
မေး။    ။ ညီမရဲ့နာမည်နဲ့ တက်ရောက်နေတဲ့ကျောင်းကို ရွေးချယ်ဖြစ်ပုံလေး ပြောပြပေးပါ။
ဖြေ။    ။ ညီမနာမည်က နွယ်နီအောင်မြင့်ပါ။ အခု University of Huddersfield မှာ MSc Interna-tional Business Management ကိုတက်ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးမှမာစတာကို ယူကေမှာဆက်ပြီး ဆည်းပူးဖို့ဆုံးဖြတ်ခဲ့တာပါ။ Huddersfield တက္ကသိုလ်မှာဆိုရင် ညီမတို့လိုမြန်မာ နိုင်ငံမှာဘွဲ့ရပြီးလို့ မာစတာဒီဂရီကိုဆက်ပြီး ဆည်းပူးလိုတဲ့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေအ တွက် ပရီမာစတာဒီဂရီ ပရိုဂရမ်မှတစ်ဆင့် တက်ရောက်နိုင်တာရယ်၊ စီးပွားရေးနဲ့ဆက်နွယ်တဲ့ ဘာ သာရပ်ပေါင်းများစွာကို ရွေးချယ်လို့ရတာရယ်။ University of Huddersfield မှာသင်တဲ့ Module တွေကို သဘောကျတာကြောင့် ရွေးချယ်ခဲ့တာပါ။




မေး။    ။ ကျောင်းသွားတက်ဖို့အတွက် ဘယ်လိုပြင်ဆင်ခဲ့လဲ။
ဖြေ။    ။ နိုင်ငံခြားမှာ ပညာသင်ဖို့ဆုံးဖြတ်လိုက်တာနဲ့ English 4 skills အတွက် ပြင်ဆင်တယ်။ အင်္ဂလိပ်စာသာမက စီးပွားရေးကိုလည်း စိတ်ဝင်စားတာဆိုတော့ Regent Business Academy မှာ စီးပွားရေးကို အဆင့်မြင့်ဒီပလိုမာအထိ ပြီးအောင်တက်ခဲ့တယ်။ ကိုယ့်ဘက်က လိုအပ်တာကို ပြင်ဆင် ရုံသာမက ပြည်ပပညာရေးလမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ရီဂျင့်ပညာရေးကုမ္ပဏီနဲ့တိုင်ပင်ဆွေးနွေး တယ်။ ပြီးမှကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ကျောင်းကို ရွေးချယ်တာပါ။
မေး။    ။ အခုတက်ရောက်နေတဲ့အတန်းမှာ ဘယ်လိုသင်ကြားမှုတွေကြုံလဲ။ အခက်အခဲတွေရောရှိ လား။
ဖြေ။    ။ အစပိုင်းမှာတော့ တခြားဟာတွေထက် စာမလိုက်နိုင်မှာ စိတ်ပူခဲ့တယ်။ တကယ်တမ်းကျ တော့ Regent Business Academy မှာ ဆရာ၊ ဆရာမတွေသင်ပေးခဲ့တာက တော်တော်အထောက် အကူဖြစ်တယ်။ သည်မှာက ကိုယ်ကိုယ်တိုင်လေ့လာရတယ်။ ကိုယ်ရဲ့ Core Modules, Optional Modules တွေအပြင် International Learning Development လို Modules တွေကိုပါသင်ယူရတဲ့ အတွက် စာတွေကိုလေ့လာရင် ဘယ်လိုလေ့လာရတယ်ဆိုတာကို ပိုပြီးတော့စနစ်တကျ သင်ယူနိုင် တယ်။
တခြားထွေထွေထူးထူး ခက်ခဲတာတော့ မရှိဘူး။ စာတွေကိုကျက်ဖြေလို့မရဘူး။ နားလည်မှပဲ ဖြေလို့ရ တာဆိုတော့ English ကိုကျွမ်းကျင်အောင်တော့ ကြိုးစားရတယ်။ ကျောင်းတက်တဲ့အခါ အရေးအကြီး ဆုံးက English 4 Skill ကိုတတ်ကျွမ်းနားလည်ဖို့ လိုအပ်တယ်။
မေး။    ။ အခုကျောင်းတက်နေတာ ဘယ်နှနှစ်ရှိပြီလဲ။ ကျောင်းပြီးသွားရင်ရော ဘာလုပ်ဖို့စိတ်ကူးထား လဲ။
ဖြေ။    ။ ကျောင်းတက်တာ ကိုးလရှိပါပြီ။ Huddersfield တက္ကသိုလ်မှာ ပရီမာစတာတက်ပြီး အခု MSc International Business Management ကိုတက်ရောက်နေပါတယ်။ ကျောင်းပြီးသွားရင်တော့ ပြည်ပအလုပ်အတွေ့အကြုံ (overseas) နှစ်နှစ်၊ သုံးနှစ်လောက်ယူပြီး ကိုယ့်နိုင်ငံမှာကိုယ်ပိုင်စီးပွား ရေးလုပ်ဖို့ စဉ်းစားထားပါတယ်။
မေး။    ။ ပြည်ပမှာ ကျောင်းတက်ချင်သူတွေအတွက် အကြံဉာဏ်ပေးပါဦး။
ဖြေ။    ။ ပြည်ပမှာကျောင်းတက်တော့မယ်ဆိုရင် အရင်ဆုံးအင်္ဂလိပ်ဘာသာစကားကို လေ့လာသင့်ပါ တယ်။ ကိုယ်တက်ရောက်မယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့တွေကို လေ့လာထားရင် ပိုကောင်းပါလိမ့် မယ်။ ဒါ့အပြင်ကိုယ့်အားကိုယ်ကိုးနိုင်အောင် လေ့ကျင့်သွားရင်တော့ အကောင်းဆုံးပါ။ နောက်ပြီး ကျောင်းရွေးချယ် တက်ရောက်တဲ့အခါ ကိုယ်တိုင်လေ့လာခြင်းသာမကဘဲ ကိုယ့်ရဲ့ရည်မှန်းချက်ကို အကောင်းဆုံးလမ်းကြောင်းပေးနိုင် ညွှန်ပြနိုင်တဲ့ ပညာရေးအတိုင်ပင်ခံတွေနဲ့ ဆွေးနွေးသင့်ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၈၃)၊ နိုဝင်ဘာ ၁၅၊ ၂၀၁၃

No comments:

Post a Comment