CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 10, 2013
မိုးပျံပူပေါင်းအတွင်းထည့်သွင်းသောနိုက်ထရိုဂျင်ဓါတ်ငွေ့အိုးပွင့်ထွက်မှုဖြစ်
၉.၁၁.၂၀၁၃ရက်နေ့ ၀၈၄၅အချိန် ကမာရွတ်မြို့နယ်၊ (၇)ရပ်ကွက်ရှိ Junction Squareရှော့ပင်းစင်တာကားပါကင်တွ င်
မိုးပျံပူပေါင်းရောင်းချ သူ တင့်လွင်ဦး (ဘ)ဦးမောင်မောင်ကြည်၊
ကြည့်မြင်တိုင်မြို့နယ်နေသူသည် ၉.၁၁.၂၀၁၃ရက်နေ့မှ ၁၀.၁၁.၂၀၁၃ရက်နေ့အထိ
ကျင်းပမည့် အင်ဒိုနီးရှားကုန်စည်ပြပွဲဖွင့် ပွဲအတွက် မိုးပျံပူပေါင်းများအား နိုက်ထရိုဂျင်ဓါတ်ငွေ့ထည့်သွင်း နေစဉ် နိုက်ထရိုဂျင်ဓါတ်ငွေ့အိုးအဖုံးမှာ
ရုတ်တရက်ပွင့်ထွက်သဖြင့် အသံကျယ်လောင်စွာထွက်ပေါ်ပြီး
ကားပါကင်အမိုးသွပ်ပြား (၃)လက်မပတ်လည်ခန့်ပေါက်ထွက်သွားသောကြောင့်
ဓါတ်ငွေ့အိုးကိုပေါ့ဆစွာအသုံးပြုသူ တင့်လွင်ဦးအား ကမာရွတ်မြို့မရဲစခန်း(ပ)၄၈၂/ ၂၀၁၃၊ ပုဒ်မ ၂၈၆ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိေ ကြာင်း သတင်းရရှိပါသည်။
မိုးပျံပူပေါင်းအတွင်းထည့်သွင်းသောနိုက်ထရိုဂျင်ဓါတ်ငွေ့အိုးပွင့်ထွက်မှုဖြစ်
Reviewed by VC
on
November 10, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment