Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 6, 2013

ညှို့အားပြင်း မင်းသမီးအဖြစ် လူသိမများလိုသည့် စကားလက်ဂျိုဟန်ဆန်


 သူမကို ညှို့ဓာတ်ပြင်းသည့် မင်းသမီး တစ်ဦးအဖြစ် သတ်မှတ်နေကြသော ပရိသတ် အစွဲကို လုံးဝဥဿုံ ဖျက်ပစ်ချင်ကြောင်း စကားလက် ဂျိုဟန်ဆန်က ဖွင့်ဟခဲ့သည်။ Sexyဆိုသော ပုံရိပ်မျိုးထက် လေးနက်တည်ကြည်သည့် မင်းသမီး တစ်ယောက်အဖြစ်သာ ရပ်တည်လိုကြောင်း အမေရိကန် မင်းသမီးချောက ဆိုသည်။ Don Jonစတား မင်းသမီးသည် Avengersနှင့် Iron Man 2 ဇာတ်ကားများတွင် Marvel၏ စိတ်ကူးယဉ်ဇာတ်ရုပ် ရုရှားစပိုင် Black Widowအဖြစ် သရုပ်ဆောင်ခဲ့ရာ သူမ၏ ညှို့ဓာတ်ပြင်းပြသော ပါရမီကို ပရိသတ်များ ပိုမိုအသိအမှတ်ပြုစရာ ဖြစ်လာသည်။ သို့သော်လည်း စကားလက် ကိုယ်တိုင်ကမူ ညှို့ဓာတ်ပြင်းသည့် မင်းသမီးတစ်လက်ထက် ပညာသားပါပါ သရုပ်ဆောင်နိုင်သည့် မင်းသမီး တစ်လက် အဖြစ်သာ ရပ်တည်ရန် လိုလားနေခြင်း ဖြစ်သည်။

"ကျွန်မက အရင်ထက် အသက်ရလာပြီ။ ခုချိန်က တည်ငြိမ်ရင့်ကျက်တဲ့ ဇာတ်ရုပ်မျိုးကို ကူးပြောင်းသင့်တဲ့ အခြေအနေမျိုး ဖြစ်သင့်ပြီလို့ ကျွန်မယူဆတယ်။ လောလောဆယ် ကျွန်မကို ဘယ်လိုယူဆကြပါစေ၊ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ နှစ်နည်းနည်း ကြာလာချိန်မှာ ကျွန်မဟာ တခြားပုံစံကွဲတစ်ခု ရှိနေချင်ပြီ။ ပြဿနာက ကျွန်မသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ် တော်တော်များများက မူလသဘောတရား အရကို Sexyဖြစ်နေတာပါပဲ။ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်ရယ်၊ အဲဒီအပေါ် ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရယ်ကြောင့် ဒီဇာတ်ရုပ်တွေမှာ ရွေးချယ်ခံရတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်တွေ အနေနဲ့ အဲဒီအမြင်ကနေ နည်းနည်းတော့ အပြင်ထွက်ပြီး စဉ်းစားသင့်ပြီလို့ ထင်ပါတယ်"ဟု စကားလက်က ပြောဆိုခဲ့သည်။

အသက်(၂၈)နှစ်ရှိ မင်းသမီးက "ကျွန်မကိုယ်ကျွန်မတော့ Sexyဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာရင်းမသွင်းစေချင်ဘူး။ လူတွေက Sexyအဖြစ်ဆုံး မင်းသမီးတွေ စာရင်းမှာ ကျွန်မပါလာတိုင်း ဘယ်လို ခံစားရသလဲ မေးလေ့ရှိတယ်။ တကယ်တော့ သာမန်ဘဝမှာ ကျွန်မဟာ ရိုးရိုးမိန်းကလေး တစ်ယောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အင်မတန် ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ မြောက်ကြွကြွစိတ်နဲ့ လျှောက်သွားနေတာတော့ မဟုတ်ဘူးလေ"ဟုလည်း Look မဂ္ဂဇင်းသို့ ပြောဆိုသွားခဲ့သည်။


Planet Myanmar




No comments:

Post a Comment