CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 22, 2013
စစ်တွေမြို့ ဒုစရိုက်မြို့ဖြစ်နေပြီလား
၂၂ နိုဝင်ဘာ ၂၀၁၃။ Rakhine News Group
ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေမြို့လယ်ခေါင်တွင်လုယက်မှုများဆက်တိုက်တစ်လကျော်ဖြစ်ပွားခဲ့သော်လည်းယခုထိ ဖမ်းဆီးနိုင်ခြင်းမရှိသေး။
၂၁၊၁၁၊၂၀၁၃ နေ့ည ၇နာရီ ၃၅မိနစ်လောက်က စစ်တွေမြို့လယ်ခေါင် နာရီစင်အ၀ိုင်းအနီးတွင်အလုပ်မှအိမ်သို့ပြန်လာသောအမျိုးသမီးတစ်ဦးထံမှ အမည်မသိသူလိုင်စင်နံပါတ်မပါသော ဆိုက်ကယ်သမားတစ်ဦးက၄င်းအမျိုးသမီးလွယ်ထားသောအိတ်ကို ယူငင်ပြီးထွက်ပြေးသွားကြောင်းသိရပါသည်။ထို အိတ်ထဲတွင်ထီးတစ်လက်၊မှတ်ပုံတင် ၂ စောင်။ငွေသား ၁၁၀၆၁၀၀ကျပ်တိတိ ပါသွားကြောင်းသိရှိရပါသည်။ ထိုအမျိုးသမီ၏ ခင်ပွန်းဖြစ်သူမှာ ရဲဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရသည်။
ဤကဲ့သို့လုယက်မှုပေါင်း တစ်လအတွင်း ၁၄ မှုခန့်ဖြစ်ပွားခဲ့ပြီဟုသိရပြီး တရားခံ တစ်ဦးမှ ဖမ်းဆီးမရမိသေးပေ။
လွန်ခဲ့သော တရက်နေ့ကလည်း စစ်တွေမြို့ မင်းဘာကြီးလမ်းတွင် ဆိုက်ကယ်နောက်မှ ပါလာသော အမျိုးသမီးတစ်ဦးထံမှ ဆွဲကြိုးကို လုယူကာ ဆိုက်ကယ်ဖြင့် မောင်းပြေးသွာကြောင်းသိရသည်။လုယူသူများမှာ ဆိုက်ကယ်ဖြင့်မောင်းသွားပုံတူညီပြီး ဒေသခံမဟုတ်သူ လူစိမ်းများဖြစ်ကြသည်ဟုသိရသည်။
ထို့အတူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ည ၁၀နာရီကျော်လျှင် အပြင်ထွက်ခွင့်မရကြသော်လည်း ဆိုက်ကယ်ပျောက်မှုမှာ အစီးနှစ်ဆယ်ကျော်ပြီဟုသိရသည်။ တစ်ချို့ဆိုက်ကယ်များကို သဲချောင်းကုလားစခန်းများမှပြန်ရရှိမှုများရှိသော်လည်း ကုလားရွာများနှင့်နီးသောရပ်ကွက်များတွင် ခိုးမှုများ ရက်ဆက်ဖြစ်ပေါ်လျက်ရှိသည်။
ဒုစရိုက်မှုများ များပြားလျက်ရှိသော်လည်း လုံခြုံရေးမှာ နည်းပါးလျက်ရှိသည်။ရှိသည့် ရဲဝန်ထမ်းများထဲမှ အယောက်တစ်ဆယ်ကျော်ခန့်သည် ၀င်္ကဘာကွင်းအနီးတွင်ရှိသော ရေတွင်းဟောင်းကိုဆယ်ယူနေရသည်။
၎င်းကဲ့သို့ပြစ်မှုများကျူးလွန်မှုဖြစ်ပွားနေသည်မှာကြာပြီဖြစ်သော်လည်းရပ်ရွာတည်ငြိမ်အေးချမ်းရေးကိုလုပ်ကိုင်နေသောမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ပေါ့ဆစွာတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်းနှင့်
ပြည်သူတို့၏ အသက်၊အိုးအိမ်၊စည်းစိမ်တို့ကိုကာကွယ်စောင့်ရှောက်ရန်မှာ မိမိကိုယ်တိုင်မှတစ်ပါးမည်သူ့ကိုမှအားကိုးအားထားပြုလုပ်၍မရသည်မှာသေချာနေပြီဖြစ်ပါသည်။
Ref ; Than Tun Than
ဓါတ်ပုံ။ OIC ကန့်ကွက်ဆန္ဒဖေါ်ထုတ်ပွဲကိုစောင့်နေကြသော ရဲတပ်သားများ
စစ်တွေမြို့ ဒုစရိုက်မြို့ဖြစ်နေပြီလား
Reviewed by VC
on
November 22, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment