ဒီမိုကရေစီအလေ့အထများ ရှင်သန်ဖွံ့ဖြိုးရေးနှင့်ပြည်သူ့ဆန္ဒ ပြည်သူ့အသံများလွှတ်တော်သို့ ရောက်ရှိရေးအတွက်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမိုးသီးဇွန် နှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍Alternative Parliament  ဟုအမည်ပေးထားသည့်ခေတ်ပြိုင် လွှတ်တော်တစ်ရပ်ထူထောင်သွား ရန်နိုဝင်ဘာ၎ရက်နေ့က တော်ဝင် နှင်းဆီခန်းမတွင်မိတ်ဆက်ဟော ပြောခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် နာယကလူကြီးများအဖြစ်ဝါရင့် နိုင်ငံရေးသမားကြီးဦးလေးမြင့်နှင့် ဦးသုဝေတို့ကအဖွင့်အမှာစကား ပြောကြားခဲ့ကြပြီးတက်ရောက်လာ သောလူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးကွန်ရက်၊ မြန်မာ့လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ လယ်သမားအလုပ်သမားအခွင့် အရေးကာကွယ်စောင့်ရှောက်ရေး အဖွဲ့များနှင့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့ကလည်း အကြံပြုချက်များတင်သွင်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြည်သူအခြေပြုလွှတ်တော် တစ်ရပ်ဖော်ဆောင်ရန်ကြိုးပမ်း ရခြင်းအတွက် ကိုမိုးသီးဇွန်ကရှင်း လင်းရာတွင်ယနေ့နိုင်ငံတွင်ဘဏ် အတိုးနှုန်းများမြင့်မားသဖြင့်အသေး စားစီးပွားရေးလုပ်ငန်းများလုပ်ကိုင် ရန်အခက်အခဲဖြစ်နေကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု များတွင်တပ်မတော်နှင့်ရဲများမှာ အထက်အရာရှိများ၏အနိုင်ကျင့် မှုများကြောင့်အဆိုးဆုံးချိုးဖောက် ခံနေရကြောင်း၊ ဆရာစံအရေး တော်ပုံကာလမြေမဲ့ယာမဲ့လယ် သမား၂၀ရာခိုင်နှုန်းသာရှိသော်လည်း ယခုအခါ၅၀ရာခိုင်နှုန်းရှိနေပြီဖြစ် ကြောင်း၊ စစ်တမ်းများအရအလုပ် လက်မဲ့များမှာလည်း၃၇ရာခိုင်နှုန်း ရှိကြောင်း၊ ငြိမ်းချမ်းစွာပြုပြင် ပြောင်းလဲရေးအတွက်လူတန်းစား ပေါင်းစုံပါဝင်သည့်ကွန်ရက်ကြီး တစ်ခုအမြန်ဆုံးဖော်ဆောင်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများဖွံ့ ဖြိုးလာရန်လေ့ကျင့်ပေးရမည်ဖြစ် ကြောင်းပြောကြားခံသည်။
““၈၈နောက်ပိုင်းသူတို့အာဏာ အမွေခွဲကြတယ်။ တချို့ကုလား ထိုင်ရတယ်၊  တချို့ငွေထုပ်ရတယ်၊ တချို့သေနတ်ရတယ်။ ကျွန်တော် တို့ပြည်သူတွေဘာမှမရခဲ့ပါဘူး။ ဒီနေ့တိုင်းပြည်မှာပြည်သူတွေ အတွက်လမ်းလျှောက်စရာပလက် ဖောင်းတောင်ကောင်းကောင်းမရှိ ဘူး။ လူ့အခွင့်အရေးချိုးဖောက်ခံ ရမှုတွေသာအများဆုံးရှိနေတယ်။ တပ်မတော်နဲ့ရဲမှာလည်းအဘဆို တဲ့အထက်အရာရှိတွေကအနိုင် ကျင့်တာကိုခံနေရတယ်။ သူတို့ ဟာခြိမ်းခြောက်မှုတွေနဲ့နေနေရ တယ်။ ပညာရေးမှာလည်းအတု အယောင်သမိုင်းတွေသင်နေတာ ကိုရပ်ပေးပါ။ ဒီမိုကရေစီရေး၊ တရားမျှတမှု၊ ဖက်ဒရယ်ကိစ္စနဲ့ တခါးဖွင့်စီးပွားရေးတွေကိုပီပီ ပြင်ပြင်အကောင်အထည်ပေါ်လာ အောင်ကွန်ဖရင့်လို့ပဲပြောပြော စီတီဇင်အဆန်ဘလီလို့ပဲပြောပြော ဒီကနေ့ပြည်သူတွေရဲ့လိုအပ်မှုမှန် သမျှတင်ပြမယ်။ အစိုးရကိုပြော ပါမယ်။ ဒိုးတူဒိုးတံခါးခေါက်ပြီး ဒီမိုကရေစီအင်အားစုတွေပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်””ဟု၎င်းကဆိုသည်။
မကြာခင်လိုအပ်သည့်အခြေ ခံအဆောက်အအုံများကိုဖော် ဆောင်ပြီးအတွင်းအရေးမှူးအဖွဲ့ နှင့်လုပ်ငန်းကော်မတီများဖွဲ့စည်း ကာပြည်သူများ၏ပြဿနာအကျပ် အတည်းအမျိုးမျိုးကိုတင်ပြတောင်း ဆိုသွားမှာဖြစ်ကြောင်းသိရသည်။

 ဇော်မြင့်