Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 12, 2013

Being Venezuela Beauty Queens


Being Venezuela Beauty Queens

ဗင်နီဇွဲလားဟာ အလှမယ် မွေးထုတ် ရာမှာ အံသြစရာ ကောင်းလောက် အောင်ပဲ အောင်မြင် လှပါ တယ်။ သူတို့ နိုင်ငံမှာ အလှ နတ်မယ် ဖြစ်စေတဲ့ နတ်ရေ ကန်များ ရှိလေသလား။ ဒါမှမဟုတ် သူတို့ လျှို့ဝှက် ချက်ဟာ ဘာများလဲ။

ဗင်နီဇွဲလား မှာ အသက် လေးနှစ် ကတည်းက မိန်းက လေးတွေကို အလှပြင် ကျောင်းတွေ ပို့ကြတာ အဆန်း မဟုတ် ပါဘူး။ အလှပြင် ကျောင်းဆိုတာ သူတို့ ကိုယ်သူတို့ အလှမယ် ဖြစ်လာ အောင် ဘယ်လို နေထိုင် ရမလဲ ဆိုတာ သင်ကြား တဲ့ ကျောင်းတွေပါ။ အဲဒီ ကနေ အလှမယ် ဆိုတဲ့ လမ်းပေါ်ကို တင်ပေး လိုက်တာ ပါပဲ။ Gisselle's beauty school ဆိုတဲ့ Caracas မြို့ဆင်ခြေဖုံး က ကျောင်းလေး ကိုသွား လည်ရတာ စိတ်လှုပ်ရှား ဖို့ အတော် ကောင်းလှ ပါတယ်။ ၁၉၆၀ ခုနစ် ပုံစံ ဆောက် ထားတဲ့ အိမ်လေးဟာ အလှ နတ်မယ် တွေအတွက် နတ်ဘုံ တစ်ခုပါ။ အဲ့ဒီမှာ catwalk ဘယ်လို လျှောက်ရမယ် ကစလို့ ၀ိုင်ဖန်ခွက် ဘယ်လိုကိုင် ရတယ် ဆိုတာ အထိ အကုန် သင်ပေး နေပါတယ်။ အသက် လေးနှစ် ကနေ နှစ်ဆယ့်လေးနှစ် အထိ အရွယ်စုံ တပည့် တွေရှိ နေပါတယ်။ အသက် နဲနဲ ကြီးတဲ့ ကလေးမ တွေက ငါးလက်မ ဒေါက်ဖိနပ် ချွန်လေးတွေ ကိုယ်စီ စီးထားတာ တွေ့ရမှာပါ။ 

ငါသွား လည်တုန်းက အလှဆုံး အကျီင်္ကို မီးပူ တိုက်ဝတ် စမတ် အဖြစ်ဆုံး ဘောင်းဘီ ၀တ်ထား တာတောင် သူတို့ ကိုမယှဉ် နိုင်ပါဘူး လို့ ဆောင်းပါးရှင် ကရေး ပါတယ်။ ဆံပင်က အမြဲ သန့်ရှင်း နေရမယ်။ မိတ်ကပ်က အမြဲ သဘာဝကျ နေပြီး ဒေါက်ဖိနပ် အမြဲ စီးရမယ်လို့ ကြောင်လမ်း လျှောက်နည်းပြ (catwalk teacher) Andrea Reyes ကဆို ပါတယ်။ ကိုယ့်ကိုယ် ကိုယုံ ကြည်မှု အပြည့် ရှိနေတဲ့ အသက် ၂၁ နှစ် အရွယ် Andrea က ဒီကျောင်း တည်ထောင် သူ လည်းဖြစ် အလှ ဘုရင်မ ဟောင်း တစ်ဦး လည်းဖြစ်သူ Gisselle Reyes ရဲ့ တူမ ဖြစ်ပါတယ်။ သူက အလှအပ ဆိုတာ သူမတို့ မိသားစု လုပ်ငန်းပါ လို့ဆိုတယ်။ ဒါက ငါ့တို့ ဘာသာစကား လိုပဲ အသွေး ထဲမှာ အမြစ် တွယ် နေပြီ လို့ ပြောပါ သေးတယ်။ အပေါ်ထပ် မှာတော့ Andrea Reyes ရဲ့ အတန်း တစ်ခုကို သွားကြည့် ပါတယ်။ မိန်းကလေး ငယ်တွေ ဟာ ဆလိုက်မီး ထိုးထားတဲ့ သစ်သား လျှောက်လမ်း ပေါ်မှာ ကိုယ်ဟန်ပြ နည်းကို သင်ကြား နေပါတယ်။ Reyes က တီးလုံးသံ ကိုလွှမ်း လို့ ညွှန်ကြားချက် ကိုအော် ပြောနေ ပါတယ်။ "လက်မောင်းတွေ ကို လျော့ထား၊ တင်ကို နောက်ပစ်ထား"

မိန်းကလေး တွေဟာ အသွင်တူ ချင်ရင် တူနေမယ် ဒါပေမဲ့ တချို့က ဒေါက်မြင့် ပေါ်မှာ လမ်းလျှောက် ရာမှာ ပိုအောင်မြင် ပါတယ်။ အခန်းက မှန်အပြည့် ကာထားပြီး မိန်းကလေး ငယ်တွေဟာ လျှောက်လမ်း အဆုံးမှာ တင်ပါးကို လွဲရမ်း လိုက်တာ ကအစ ခြေထောက်ကို လှည့်လိုက် တာ အဆုံး ပြန်လျှောက် လာတဲ့ သူတို့ ပုံရိပ် ကိုသူတို့ ပြန်မြင် နေရ ပါတယ်။ သူတို့ ထဲမှာမှ အသက် ၁၈နှစ် အရွယ် Lynette do Nascimiento ဆိုတဲ့ မိန်းကလေး ဟာ Caracaြ မို့ကို Aruba ကျွန်းကနေ နွေရာသီ အလည် လာသူ aspiring contestant လေးဖြစ် ပါတယ်။ ကျွန်မ Miss Aruba ပြိုင်ပွဲ ၀င်ဖို့ ပြင်နေ တာပါ။ ပြီးရင် မယ်စကြာ ၀ဠာ ပြိုင်ပွဲ ၀င်မယ်။ ဗင်နီဇွဲလား နိုင်ငံသူ ဖြစ်ရတာ အရမ်း ကံကောင်း ပါတယ်။ ဒီလို ပြိုင်ပွဲ မျိုးအတွက် လေ့ကျင့် သင်ကြား ပြင်ဆင် မှုတွေ ရနိုင် လို့ပါပဲ။ လို့ သူကဆို ပါတယ်။ သူပြောတာ မှန်ပါတယ်။ ဗင်နီ ဇွဲလားမှာ မယ်ပြိုင်ပွဲ တွေဟာ အလွန် အောင်မြင်ပြီး ဒိုင်တွေ ကလည်း နိုင်ငံ တကာ ပြိုင်ပွဲ တွေမှာ အနိုင် ရဖို့ မိန်းကလေး လှလှလေး တွေရွှေးချယ် မှုမှာ အလွန် ကောင်းတဲ့ ဖော်မြူလာ တစ်ရပ် ရှိနေ သလိုပါပဲ။ ဒါကြောင့် မယ်ပြိုင်ပွဲ တွေဟာ အားကစား ပြိုင်ပွဲ တွေလိုပဲ နေရာ တကာမှာ ကျင်းပ ကြပါတယ်။ ဗင်နီ ဇွဲလား မိန်းကလေး တွေဟာ အသက် ငယ်ငယ် ကပဲ မယ်ပြိုင်ပွဲဝင် ဖြစ်စေဖို့ ပျိုးထောင် ခြင်းခံ ရပါတယ်။ 

Gisselle's ကျောင်းမှာ မိန်းကလေး ၁၆၀ ရှိတဲ့ အထဲမှာ အများစုက အသက် လေးနှစ် ကနေ ၁၁နှစ် အရွယ် တွေပါ။ မိဘ တွေက သမီးလေး တွေကို မယ်တွေ ဖြစ်လာဖို့ အားပေး အားမြှောက် ပြုပြီး သူတို့ အလှမယ် လေးတွေ ဖြစ်လာရင် အောင်မြင် ကျော်ကြား လာမယ် ဆိုတာ ပြောပြ ထားကြ ပါတယ်။ Gisselle's ကျောင်းသူ ဟောင်း တွေဟာ ဗင်နီဇွဲလားမှာ ကျော်ကြား သူတွေပါ။ ၂၀၀၈ ခုနစ် မယ်စကြာ ၀ဠာ Dayana Mendoza လဲပါပါတယ်။ သွေးပူ လေ့ကျင့်ခန်း အပြီးမှာ မိန်းကလေး တွေဟာ အတန်းဖော် တွေရဲ့ရှေ့ လျှောက်လမ်း ပေါ်မှာ တစ်ယောက် ပြီးတစ်ယောက် လမ်းလျှောက် ပြရ ပါတယ်။ Nascimiento ရဲ့ ပထမ အလှည့်မှာ ဘောင်းဘီ အမည်း chiffon အကျီင်္ နဲ့ ဒေါက်မြင့် ဖိနပ်နဲ့ လျှောက်ပြ ပါတယ်။ ဆရာမက ဘယ်လိုလဲ ဒီတစ်ယောက် ဘယ်လို နေလဲ။ စတိုင် ကျလား။ လို့ အတန်းသား တွေကို မေးပါတယ်။ အတန်းသား တွေက မိုက်တယ် လို့ဆို ပေမဲ့ သူရဲ့ ရွှေရောင် နားကပ် တွေနဲ့ အမည်းရောင် လက်ပတ် နာရီနဲ့က မလိုက်ဖက် ဘူးလို့ ဆိုပါတယ်။ အတန်းသား တွေဟာ နောက် တစ်ယောက် စ မလျှောက်ခင် Nascimiento ရဲ့ လမ်းလျှောက်ပုံ သူမရဲ့ လှုပ်ရှား ပုံစတာ တွေကို ဝေဖန်ရပါတယ်။ ကျွန်မ အရပ် ၁.၆၀မီတာ ရှိတယ် ဗင်နီဇွဲလား မယ်ဖြစ်ဖို့ ၁.၇၀ ( ငါးပေ ခုနစ် လက်မ) လောက်တော့ ရှိရမယ် လို့ Reyes ကဆို ပါတယ်။

အယောက် ၂၀ ရှိတဲ့ အတန်းမှာ ၁ ယောက် ၂ ယောက် ကတော့ ဒီ August ဒါမှမဟုတ် September လမှာ ပြိုင်ပွဲ ၀င်ဖို့ အခွင့် အလမ်း ရှိနေ ပါတယ်။ မိန်းကလေး တစ်ယောက်ဟာ နိုင်ငံလုံး ဆိုင်ရာ ပြိုင်ပွဲ မှာပြိုင်ဖို့ အရွှေး ခံရပြီ ဆိုရင် အားကစား နာရီ ပေါင်းများစွာ လုပ်ရ။ သွားနဲ့ ပလတ် စတစ် ဆာဂျရီ ပြုပြင် တာတွေ လုပ်ရ ပါတယ်။ ဒါက အောင်မြင် မှုအတွက် အရေး ပါလှ ပါတယ်။ တကယ်လို့ ပြိုင်ပွဲ ၀င်ဖို့ အလှ မရှိ ခဲ့ရင်ကော။ ကျောင်းက ဘာလုပ် ပေးပါသလဲ။ ကျွန်မ အနေနဲ့ ကတော့ တတ်နိုင် သမျှ ပြုပြင် ပေးသွား တာပါပဲ။ သူတို့လေး တွေပို မိန်းမ ဆန်လာမယ်။ တစ်ခါ တစ်လေ တော့ဒါက ကိုယ်ရည် ကိုယ်သွေး တိုးတက်လာ တာနဲ့လဲ ဆိုင်ပါတယ်။ လူတွေနဲ့ စကားပြော နိုင်လာမယ်။ အပေါင်း အသင်းဆန့် လာမယ် လို့ Reyes ကဆိုပါတယ်။


ဗင်နီဇွဲလား မှာဒီလို အလှမယ် ရွှေးပွဲ တွေကို ကန့်ကွက် သူမရှိ သလောက် ပါ။ ၁၉၇၂ တုန်းကပဲ နိုင်ငံ့ ဗဟို တက္ကသိုလ် အမျိုးသမီး အရေး လှုပ်ရှား သူအဖွဲ့ ကနေ ဗင်နီ ဇွဲလားမယ် ပြိုင်ပွဲ ထုတ်လွင့် မှုကို ကြားဖြတ်ဝင် တာပဲရှိ ခဲ့ပါတယ်။ ဒါက ပထမဆုံး နဲ့ တစ်ခု တည်းသော ကိစ္စပါ။ သမ္မတ Hugo Chavez ကတော့ ပလတ် စတစ် ဆာဂျရီ လုပ်တာကို ဆန့်ကျင် တဲ့အနေနဲ့ ရင်သား အစားထိုး ကြီးထွား စေတာကို မိစ္ဆာ တွေလို့ ဆိုပါတယ်။ ဒါပေမဲ့ မယ်ပြိုင်ပွဲ တွေကြောင့် ဒီလို ပလတ် စတစ် ဆာဂျရီတွေ ဖြစ်တယ် ဆိုတာ ကိုတော့ တိုတို တုတ်တုတ်ပဲ ပြောသွား ပါတယ်။ ဒီလို မယ်ပြိုင်ပွဲ တွေကို လက်ခံ တာက နိုင်ငံရဲ့ ရိုးရာဓလေ့ ဖြစ်နေ ပါပြီ။ လူတွေက မိန်းကလေး ဆိုရင် နူးညံ့ သိမ်မွေ့ ရမယ်။ ယောက်ျားလေး ဆိုရင် ကျားကျား လျားလျား ရှိမယ် လို့စွဲမှတ် ထားတာပါ။ ဒါပေမဲ့ အသွင် အပြင် ဆိုတာ မိန်းကလေး အတွက် သာမက ယောကျာ်းလေး အတွက်ပါ အရေးပါ တာပါပဲ။ Andrea Reyes ကတော့ သူမ တပည့် တွေကို အပြင် ရုပ်အလှ သာမက စိတ်ထား ရော လူမှုရေး မှာပါ ကောင်းမွန် စေဖို့ သင်ကြား တယ်လို့ ဆိုပါတယ်။ "ဗင်နီဇွဲလား မယ် ကလွဲလို့ တခြား မိန်းကလေး တွေက အလှ သက်သက် ပဲရှိ မယ်ဆိုရင် ငတ်လို့ သေသွား မှာပေါ့" လို့ သူမက ထပ်ပြော ပါသေး တယ်။


Extra information -
Venezuelans have won Miss Universe five times - in 1979, 1986, 1996, 2008, 2009 and 2013 ( just last night)
They have also won Miss World five times - in 1955, 1981, 1984, 1991, 1995 and most recently by Ivian Sarcos in 2011


Images from meridithkohut.photoshelter.com, missdayanamendoza.tumblr.com, Source - BBC

http://www.mymclub.net/

No comments:

Post a Comment